အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
11,747
လွန်ခဲ့သော ၃ နှစ် က · ပွင့်ဖြူ

သို့/ ဒို့ဦးလေး ကျွန်တော်၏နှမ်းခင်းမှာ ပုံပါအတိုင်းဖြစ်နေပါတယ်ခင်မျာ။ဘာဖြစ်တာလဲပြောပြပေးပါခင်မျာ။ လွန်ခဲ့သော၂...

သို့/ ဒို့ဦးလေး ကျွန်တော်၏နှမ်းခင်းမှာ ပုံပါအတိုင်းဖြစ်နေပါတယ်ခင်မျာ။ဘာဖြစ်တာလဲပြောပြပေးပါခင်မျာ။ လွန်ခဲ့သော၂ရက်က အာမိုနှမ်းအထူး+ထိသေစားသေ+ပင်လုံးပျံ့+အာမိုတောနစ် ကိုအရင်နေ့မှာဖျန်းထားပြီး နောက်နေ့တွင် Awba ကလောက်ဒီ(Sulphur 80%)ကိုဖျန်းထားပါတယ်ခင်မျာ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၇၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ
ပိုးမွှားရောဂါ နှမ်း ဆေးဖျန်းချိန်
Post image

ဖြေကြားချက် ၁၆ ခု

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

မြန်မြန် ဖျန်းလိုက်​တော့..

11,747 လွန်ခဲ့သော ၃ နှစ် က
11,747 လွန်ခဲ့သော ၃ နှစ် က

ဆရာညွှန်းတဲ့ UP ဖျန်းလိုက်တာ သိသိသာသာ အပင်စိမ်းစိုပြီး လန်းဆန်းလာတာ်ဆရာ။

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၃ နှစ် က

ဟုတ်တယ်..​ည​နေပိုင်း ​နေရှိန်​လျော့မှ..ဖျန်းပါ

11,747 လွန်ခဲ့သော ၃ နှစ် က

ညနေဖျန်းမှ ဖျန်းဆိုလို့ စောင့်နေတာပါဆရာ

11,747 လွန်ခဲ့သော ၃ နှစ် က

ဆရာညွှန်းတဲ့ UP တစ်မျိုးတည်းပဲ ဖျန်းလိုက်တော့မယ်နော်

11,747 လွန်ခဲ့သော ၃ နှစ် က

သဘောပေါက်ပြီဆရာရေ။ဆေးဖျန်းပြီးခါနီးတော့ ၉း၂၀လောက်ဖြစ်သွားတယ်။ရာသီကလည်း အဲအချိန်ဆိုသိသိသာသာပူလာတယ်။အဲတာကြောင့်ဖြစ်မယ်ဆရာရေ။ ကျေးဇူးအထူးပါခင်မျ။ဗဟုသုတတစ်ခုရလိုက်ပါတယ်။

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၃ နှစ် က

ဘာမှမဖျန်းရင်လည်း.. ဆာလဖာ ဓါတ် အကုန်အ​ငွေ့ပျံပြီးရင် (၁ပတ်-၁၀ရက်ကြာ,)ပြန်လန်းနိုင်ပါတယ်၊နှမ်းပွင့်​တွေ​ကြွေနိုင်တယ်။

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၃ နှစ် က

ဆာလဖာ ၈၀% ဖျန်းရင် အပူချိန် ၂၇ဒီဂရီဆဲစိယပ်(၈၀°ဖာရင်ဟိုက်)​ကျော်ရင်မဖျန်းရပါဘူး။ အညာမှာ ၉း၀၀နာရီဆို ၃၀°C​လောက်ရှိလို့ ဒီရာသီမှာ ဆာလဖာ မဖျန်းသင့်ပါ။ ​ဆောင်းရာသီ ပဲ ဖျန်းသင့်ပါတယ်.​နော်။ သဘာဝ အား​ဆေး UP အပ်ကို ​ ​ဆေးပုံး​ရေ များများ ဖျန်း​ပေးပါ။ ၃/၄ရက်ဆို လန်းလာပါလိမ့်မယ်

11,747 လွန်ခဲ့သော ၃ နှစ် က

မဖျန်းရင်ရော ဘာဖြစ်တတ်လဲဆရာ

11,747 လွန်ခဲ့သော ၃ နှစ် က

ဟုတျကဲ့ပါဆရာ

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၃ နှစ် က

အရွက်က ဆာလဖာ နဲ့အတူ ​ရေ​ငွေ့ပျံနုန်းများပြီးနွမ်းသလိုဖြစ်​နေတာပါ ည​နေ ​ေ​နေ​အေးချိန်. PGR or UPအပ် အား​ဆေးကို ​ဆေးတပုံး ၅၀စီစီနုန်းဖျန်း​ပေးပါ။ ၁ဧက ၆-၈ပုံး ရွှဲ​အောင်ဖျန်း​ပေးပါ။ တခြားဘာ​ဆေးမှမထည့်ပဲ.. ဒီတမျိူူတည်း ၅ရက်ခြား ၂ကြိမ်ဖျန်းပါ။ ​နေ​အေးချိန်ဖျန်းပါ

11,747 လွန်ခဲ့သော ၃ နှစ် က

နံနက်၇ခွဲမှ ၉နာရီထိဖျန်းတာပါဆရာ။ရာသီဥတုကတော့ တိမ်ကင်းစင်ပါတယ်။

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၃ နှစ် က

ဆာလဖာဖျန်းချိန်မှာ..​နေပူသလား မုိးအုံ့သလားဗျ

11,747 လွန်ခဲ့သော ၃ နှစ် က
11,747 လွန်ခဲ့သော ၃ နှစ် က
You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။