ဖြေကြားချက် ၄ ခု
အောက်ရွက်တွေဝါပြီး အထက်ကိုတဖြည်းဖြည်းတက်သွားမယ်။အချိန်မီမနှိမ်နင်းနိုင်ရင် တပင်လုံးဝါပြီး ပျက်စီးမယ်။ ညှပ်ထုတ်ပစ်လိုက်။ သိပ်မဆိုးသေးရင် ကာဇိတ်(mancozeb+cymoxanil)ဖျန်း။ တပတ်ခြားဖျန်း။ အရမ်းဆိုးနေရင် ဒိုင်မီသိုမော့ဖျန်း ဒိုင်မီသိုမော့ကအပင်ကိုလည်း နဲနဲထိတယ်။ ဝါနေတဲ့နေရာတွေအကုန်လုံး ခြောက်သွားမယ်။ နောက်ဆုံးအဆင့်ကျမှသူ့ကိုဖျန်း။
ကာဆူကာမိုင်ဇင် သို့မဟုတ် ကော့ပါးဟိုက်ဒြောက်ဆိုဒ် ဖျန်းပေးပါ
ရာသီဥတု ရုတ်တရက်အပြောင်းအလဲကြောင့် အပူအအေးဒဏ်မခံနိုင်ရာက ဖြစ်တဲ့သဘောပါ။ နေလောင်ဒဏ်ရာမှတဆင့်.အခြားရောဂါ ကူးစက်ပုံပါ။ အရွက်တွေ ခြွေပြီး အဝေးလွင့်ပစ်ပါ။ အပင်ခြေကို ဂျစ်ဆန် သို့မဟုတ် ပြာ ပက်ပါ
မှိုကျတာဖြစ်နိုင်တယ်ဗျ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြက်ဟင်းခါးပင်တွေကအရွက်တွေအဝါတွေဖြစ်နေတယ်အဲဒါဘာဖြစ်တာလည်းရောဂါလားအဟာရချို့တဲ့တာလားဘယ်လိုလုပ်ရမလဲအကြံဉာဏ်လေးပေး...
ဖြေကြားချက် 1 ခု
ဝါးရုံပင်အောက်က မွနေတဲ့ မြေဆွေးကို ဘယ်လိုအသုံးပြုနိုင်သလဲခင်ဗျ.. တိုက်ရိုက်/ရောစပ်
ဖြေကြားချက် 3 ခု
ပုံမှန်စိုက်ဘောင်ရဲ့မြေသြဇာထားနှုန်းသိချင်ပညတယ်ဗျ
ဖြေကြားချက် 1 ခု
ကြက်ဟင်းခါးသီး အပင်အရွက်တွေဝါလာတာ ဘာကြောင့်လဲသိချင်လို့ပါ
ဖြေကြားချက် 1 ခု
ကြက်ဟင်းခါးကိုအောင်မြင်အောင် ဘယ်လိုပြုစုပျိုးထောင်ပြီး ဘာဆေးတွေ သုံးသင့်ပါသလဲခင်ဗျ။
ဖြေကြားချက် 2 ခု