အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇာကြီး
လွန်ခဲ့သော ၃ နှစ် က · မြောင်းမြ

ခရမ်းသီးတွေကချက်စားရင်ခါးနေတယ်ဘာဖြစ်လို့လဲနှုတ်ပြီးအသစ်ပြန်စိုက်ရမလားအစကမခါးဘူး​ြေပြောပြပေးပါဦး

ပိုးမွှားရောဂါ ခရမ်းသီး
Post image

ဖြေကြားချက် ၇ ခု

ဇာကြီး
ဇာကြီး 8,770 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါနော်

ဆုမြတ်နိုး
ဆုမြတ်နိုး 193,303 လွန်ခဲ့သော ၃ နှစ် က

မြွေကျော်သီးလို့ခေါ်တာပါ သူက ဘူး၊ ဖရုံ၊ သခွားမျိုးမှာ အဖြစ်များတယ်။ အဓိကကတော့ လိုအပ်တဲ့ အပူချိန်ထက် အပူချိန်ရရှိမှုများတာ /နည်းတာကြောင့် မျိုးဗီဇတွေပြောင်းလဲသွားတာမျိုးပါ။ နောက်တစ်ခုက ရေပုံမှန်မရရှိတာနဲ့ လုံလောက်တဲ့ အာဟာရဓာတ်မရရှိရင်လည်း ခါးတတ်ပါတယ်။ ခါးနေတဲ့ အသီးကိုစားရင် ဝမ်းပျက်တာ၊ ဗိုက်အောင့်တာ အန်ချင်တာမျိုးဖြစ်တတ်တယ်ရှင့် စားမယ်ဆို သတိထားဦးနော်

ဇာကြီး
ဇာကြီး 8,770 လွန်ခဲ့သော ၃ နှစ် က

နုနုလေးပိုးလဲမထိုးဘူး

ဇာကြီး
ဇာကြီး 8,770 လွန်ခဲ့သော ၃ နှစ် က

သူများကနွေကျော်လို့တဲ့ပြောတာပဲဟုတ်လား

ဇာကြီး
ဇာကြီး 8,770 လွန်ခဲ့သော ၃ နှစ် က

အပင်စိုက်ထားတာကြာပြီချက်စားတာလဲခဏခဏစားတယ်ချိုနေတာပဲအခုနောက်ကျတဲ့အသီးတွေကညနေခူးထားပြီးမနက်ရောက်တော့ချက်စားတာခါးနေတယ်မသင်ကာလို့အပင်ကအသီးကိုခူးပြီးချက်ချင်းကိုက်ဝါးကြည့်တော့ခါးနေတယ်

ဆုမြတ်နိုး
ဆုမြတ်နိုး 193,303 လွန်ခဲ့သော ၃ နှစ် က

ချက်ချင်းခူးပြီးချက်တာက ခါးတာလားရှင့်

ယောစွ ဒိုထန်းလျှန်
ယောစွ ဒိုထန်းလျှန် 117 လွန်ခဲ့သော ၃ နှစ် က

ဟာဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။