အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Aung
Aung 1,137
လွန်ခဲ့သော ၃ နှစ် က · ရွှေဘို

မိုခါ ကြောင့် နှမ်းခင်းတွေမှာ ရေဝင်/ရေတင်/ရေဝပ် သွားပြီး နှမ်းပင်အချို့မှာ သေဆုံးသွားသော်လည်း တချို့မှာ ရှင်သန်နေဆဲဖြစ်ပါသည်။သို့သော် ရေဝင်/ရေဝပ်ထားသဖြင့် မူလအတိုင်းမကောင်းတော့ပဲ ဝါခြင်း၊ညှိုးခြင်းများဖြစ်နေပါသည်။ရှင်သန်နေဆဲနှမ်းပင်များ (ရက်၆၀ခန့်ရှိ) မူလအတိုင်း(သို့)အောင်မြင်ဖြစ်ထွန်းစေရန် မည်သို့ ပြုစုပေးရမည်၊မည်သသည့် ဆေးဝါး၊မြေဩဇာ ကျွေးရမည် စသည်ဖြင့် သိချင်ပါတယ်ခင်ဗျာ။ကျေးဇူးပါ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၆၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
စိုက်ပျိုး ဗဟုသုတ နှမ်း

ဖြေကြားချက် ၃ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,619 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

သံ​ချေး ​ရောဂါ​ရောပါလာရင် အဇိုဇီစထိုဘင်နဲ့တွဲဖျန်းပါ။ ရပါတယ်ဗျ။

Aung
Aung 1,137 လွန်ခဲ့သော ၃ နှစ် က

အရွက်၊အရိုး တွေမှာ သံချေးရောင်အကွက်တွေဖြစ်နေတဲ့ နေရာတွေလဲ ရှိနေပါတယ် ထိုနေရာတွေက တဖြည်းဖြည်း ပိုပြီးဝါလာပါတယ် ဒါမျိုးဖြစ်ရင်လဲ အထက်ပါ ဖြေရှင်းနည်းအတိုင်း ပြုလုပ်ပေးခြင်းဖြင့် အဆင်ပြေနိုင်ပါသလား ဆရာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,619 လွန်ခဲ့သော ၃ နှစ် က

သ​ဘောတရားအားဖြင့်.. ​ရေဝပ်ကြာ/​​ရေနာ နာခြင်းသည်၊ -အမြစ်ပုပ်ခြင်း/အမြစ်​လေမရှူနိုင်ခြင်း/ကယ်လ်စီယံ၊ပိုတက်စီယံ ချို့တဲ့ခြင်း..စတာ​တွေ​ကြောင့်ပါ။ ပြုစုမယ်ဆိုရင်.. (ဂျစ်ဆန်ဖြူးခြင်း/ပိုတက်စီယံ/ကယ်လစီယံပါ​သော အား​ဆေးဖျန်းခြင်း/ဟူးမစ်အက်ဆစ်/အမိုင်နိုအက်ဆစ် ဖျန်း​ပေးခြင်း/...)ပြုလုပ်​ပေးပါ။ အမြစ်ပုပ်/အမြစ်နာရင် ဖိူ့စတိုင်းအလူမီနီယံ(ဖို့ကပ်/ဖိုးစီ...)ဖျန်း​ပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။