အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Robert Bakewell
Robert Bakewell 5,744
လွန်ခဲ့သော ၈ နှစ် က · မကွေး

မြန်မာနွားရိုးရိုးပါ(နွားမတန်းမ) အသားတိုးနွားအတွက်မွေးနေတာပါ...နို့ထုတ်ဖိ့ုအဓိကမဟုတ်ပါဘူး ကိုယ်ဝန်ဆောင်ပါ...မွေးရန်၁၂ပတ်လိုပါသေးတယ် အဲဒီနွားမကိုတစ်နေ့(နှမ်းဖတ်..ကုလားပဲမှုန့်..ဆန်ကွဲတို့ကိုဆတူ..1ကီလိုဂရမ်..၆၀ကျပ်သားခန့်ကျွေးပါတယ်) မြက်..ပြောင်းတို့ကိုတစ်နေ့45ကီလိုဂရမ်ခန့်ကျွေးပါတယ် အာဟာရလုံလောက်ပါသလား??? လိုအပ်ချက်လေးရှိရင်ပြောပြပေးပါ *****အစာနုကိုတစ်နေ့...၅၀၀ကျပ်ဖိုးခန့်သာကျွေးနိုင်ပါတယ်*****

အာဟာရဗေဒ နွား
Post image
24

ဖြေကြားချက် ၂၄ ခု

Robert Bakewell
Robert Bakewell 5,744 လွန်ခဲ့သော ၈ နှစ် က
Robert Bakewell
Robert Bakewell 5,744 လွန်ခဲ့သော ၈ နှစ် က

Daw Khaing Thida Aungခင်ဗျားဒီပုံလေးကိုကြည့်ပြီးအသေးစိတ်ပြောပြပေးပါခမျ

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

အင်အားဓာတ်မှာ 92 MJME + ကိုယ်ဝန်မွေးရန် ၃လလိုသေးတာမို့ 13 MJME = 105 MJME လိုပါတယ်။ အောက်နားမှာ ပေါင်းပေးထားတာ မတွေ့မိမှာစိုးလို့ပါ။

Robert Bakewell
Robert Bakewell 5,744 လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့ပါ...ကျွန်တော်မနက်ကျတွက်လိုက်ပါ့မယ်...ကျေးဇူးပါအစ်မ

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

ကုလားပဲဆန်ကာချ(ကုလားပဲအနှစ်) အင်အားဓာတ် 6.39 MJME အသားဓာတ် 18.6 % ရှိပါတယ် အစားထိုးတွက်ကြည့်လို့ရပါတယ် နောက်နေ့ အဖြေပြန်တိုက်ကြည့်တာပေါ့

Robert Bakewell
Robert Bakewell 5,744 လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့ပါအစ်မ...ကျန်းမာရေး ဂရုစိုက်ပါ...မွေးမြူရေးသမားတွေအပေါ်အစ်မတို့ကျေးဇူးတွေအများကြီးတင်နေပါပြီ

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့ ကုလားပဲမှုန့်ဆိုတော့ အခွံထင်သွားတာပါ။ မနက်ဖြန် ကုလားပဲဆန်ကာကျနဲ့ပြန်တွက်ပေးပါမယ်။ တွက်ပုံကတော့ဒီလိုပါပဲ။ တမ်ဖိုးပြောင်းသွားရုံပါ။

Robert Bakewell
Robert Bakewell 5,744 လွန်ခဲ့သော ၈ နှစ် က

အစ်မရေ...ကုလားပဲမှုန့်ကအခွံမပါပါဘူး...ဆန်ကာကျသီးသန့်ပါ...တစ်တင်း၆၀၀၀ကျပ်ပေးရပါတယ်...အခွံက၁၀၀၀ကျပ်ပါခမျ

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

ရပါတယ်ရှင့်။ ကျွန်မကလည်း MDEP အနေနဲ့ဖြေရတာမို့ မွေးမြူသူတွေ အတွက် ကိုယ်သိသလောက်လေးပြောပြခွင့်ရတာပါ။

Robert Bakewell
Robert Bakewell 5,744 လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့ခမျ

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

မြန်မာနိုင်ငံက နွားတွေအနေနဲ့ဆို 12-13kg ခန့်သာစားနိုင်မှာမို့ပါ။ အစာစပ်ရာမှာ အစာစိမ်းရဲ့အရည်အသွေးက အရေးကြီးပါတယ်။

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

အဓိကက အစာစိမ်းပါ။ အစာစိမ်း 45kg ကိုနွားတကယ်ရသွားပါသလား။ စားနိုင်ပါသလား။ မြက် ပြောင်း နုပြီးစားကောင်းတဲ့အရွယ်မှသာ အဲ့လောက်စားနိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ မြက်အတော်ကောင်းပြီး နွားတွေကလည်း အနောက်နိုင်ငံကနွားတွေလိုကြီးပြီးထွားနေရင်တောင် အစာခြောက်အလေးချိန်ကို အများဆုံး18- 20 kgပဲစားနိုင်တာပါ။

Robert Bakewell
Robert Bakewell 5,744 လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့ပါ...မခိုင်သီတာအောင်ခမျ...စေတနာ...အပြည့်နဲ့စိတ်ရှည်လက်ရှည်ရှင်းပြပေးတာ...ကျေးဇူးကမ္ဘာပါ...အစ်မပျော်ရွှင်ပါစေ...ကျန်းမာပါစေ

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

sorry 15kg ကုန်ပါသလား

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

ပြောထားပုံအရ မြက် ပြောင်း ၂ခုပေါင်း အစို 45 kg အခြောက်အနေနဲ့ 12kg ကျန်အစာ ၃မျိုးက 3kg ။ စုစုပေါင်း အခြောက် 15kg ပေါ့။ တစ်ခုအရေးကြီးတာက အမှန်တကယ် နွားက အစိုကနေတွက်ပြီးရတဲ့ အခြောက် 16 kg ကုန်ပါသလား

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

နှမ်းဖတ်ကို 1kg တိုးကျွေးပြီး ကုလားပဲခွံမှုန့်နဲ့ ဆန်ကွဲကိုဖယ်ပြီး စွမ်းအင်ဓာတ်ရော အသားဓာတ်ရော ပိုများတဲ့ မြေပဲဖတ် အစားထိုးတွက်ချက်မှုပါ

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

အခု အစာထဲကမှ ဆန်ကွဲကို ဖယ်ပြီး နှမ်းဖတ်ကို 1kg ပိုပြီးတိုးကျွေးမယ်ဆိုရင် တွေ့ရတဲ့တွက်ချက်မှုပါ

Robert Bakewell
Robert Bakewell 5,744 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူးအရမ်းတင်ပါတယ်ခမျ

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

တွက်ချက်ပြထားမှာတွေ ရှိပါတယ် ပြောပြပေးပါ့မယ် အကုန်ပြီးမှ ထပ် ဆွေးနွေးပေးပါ့မယ်

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

အခုအစာအရ စွမ်းအင်ဓာတ်လုံလောက်ပေမယ့် အသားဓာတ်မလုံလောက်ပါ။

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

နွားတကောင်က ပုံမှန် စားနိုင် ရှင်သန်နေထိုင်နိုင်ရုံအတွက်တင် အသားဓာတ် (ပရိုတင်းဓာတ်) 7-10% လိုအပ်ပါတယ်။ အခလြို အသားတိုးဖို့အတွက်ရည်ရွယ်ပြီဆို အသားဓာတ်14% အနည်းဆုံးလိုအပ်ပါတယ်။ အောက်ပါပုံက ပြောပြတဲ့အစာအတိုင်းတွက်ထားမှုပါ။

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

အစာမှာပါဝင်တဲ့ အာဟာရတန်ဖိုးကို တွက်တဲ့အခါမှာ အစိုဓာတ် (ရေ) ကိုဖယ်ပြီး အခြောက်အလေးချိန်နဲ့တွက်ရပါတယ်။ မြက်နဲ့ပြောင်း ပေါင်းပြီး 45kg လို့ပြောတဲ့အတွက် မြက်ကို 20 kg, ပြောင်းကို 25 kg လို့ အစိုအလေးချိန်ပမာဏခွဲလိုက်ပါမယ်။ ဒါကတွက်လို့ရအောင် ခန့်မှန်းပါ။ အခြောက်အလေးချိန်ယူရမှာမို့ မြက်ရော ပြောင်းရော ရေဖယ်ပြီး အခြောက် 6kg စီ ကျန်ပါမယ်။

Robert Bakewell
Robert Bakewell 5,744 လွန်ခဲ့သော ၈ နှစ် က

အစာနုကိုပိုကျွေးရမလား...မြက်..ပဲနွယ်..ပြောင်းကိုများများကျွေးရင်ရောအဆင်ပြေမလား...MA KHAING THIDA AUNGခင်ဗျား

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

ပြောပြထားတဲ့အစာနဲ့ကျွေးတဲ့ပမာဏအရ အဲ့နွားမတမ်းအတွက် လုံလောက်မှုမရှိပါဘူး

You

ဆက်စပ်မေးခွန်းများ

နွားမပေါက်ကာစလေးကိုဘယ်နှရက်သားထိနို့တိုက်ရျ် ...ဘယ်နှရက်သားတွင်နို့ဖြတ်သင့်ပါသလဲ နို့စိ့ုနေစဉ်ရက်ပိုင်းတွေအ...

ဖြေကြားချက် 5 ခု

မြန်မာဒေသနွားမျိုးရိုးရိုးပါ နွားသည်အဖေဖက်မျိုးရိုးအဓိကလိုက်သည်ဆိုတာဟုတ်ပါသလား အသားပြည့်သော...ထွားလွယ်သောနွား...

ဖြေကြားချက် 6 ခု

MJMEဆိုတာဘယ်လိုယူနစ်ပါလဲ... အသေးစိတ်ရှင်းပြပေးပါ

ဖြေကြားချက် 4 ခု

သားစပ်နွားထီးထားဖိ့ုပါ...၂နှစ်သားပြည့်ရင်သားစပ်ဖိ့ုစတင်သုံးနိုင်ပါသလား... အသက်ဘယ်နှလ...နှစ်...မှာစတင်သားစပ်...

ဖြေကြားချက် 2 ခု

အသားတိုးနွားမွေးဖိ့ုအဓိကပါ မကွေးတိုင်းအတွင်း...မကွေးမြို့မှာကျနော်နေပါတယ်...ဘရာမန်အထွား...အဝနွားမျိုးနဲ့...ကျ...

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။