ဖြေကြားချက် ၁ ခု
မကွေး၊ မြိုင်က ရခိုင်ကမ်းရိုးတန်းနဲ့လည်းနီးတယ်။ နောက်ပြီး မုန်တိုင်းဖြတ်ဝင်လာမယ့်နေရာနဲ့လည်း တည့်တည့်နီးပါးလောက်ထိကိုကျနေတယ်။ ဒါပေမဲ့ ခပ်စောင်းစောင်းပေါ့။ ဆိုတော့ အဲ့ဒီမှာက မုန်တိုင်း စပြီး ချဉ်းကပ်လာမယ့် ၁၃ ရက် မနက်ဖြန်ကစပြီး ၁၄ ရက်၊ ၁၅ ရက်ထိ သုံးရက်စလုံး မိုးသက်လေပြင်းကျမယ်။ ၁၆ ရက်နေ့အထိ မိုးမရွာတော့ပေမယ့် လေဆက်တိုက်နေနိုင်တဲ့အနေအထားရှိတယ်။ အဲ့တော့ မိုးများများရွာမှာက ၁၃ ရက်နဲ့ ၁၄ ရက်နေ့မှာ တော်တော်များများရွာမယ်။ ၁၄ ရက်နေ့ညနေပိုင်းရောက်ရင် မုန်တိုင်းရဲ့လေတွေ စပြီးလာမယ်။ တစ်နာရီကို မိုင် ၃၀ ကနေ ၆၀ လောက်ထိ တိုက်နိုင်တယ်။ ၁၅ ရက်နေ့ တစ်နေ့လုံးတိုက်မယ်။ ညကျမှ လေနည်းနည်းလျော့မယ်။ ၁၆ ရက်နေ့ကျရင်တော့ ကုန်းတွင်းမုန်တိုင်းရွေ့သွားတဲ့အနေအထားကြောင့်မို့ ၁၆ ရက်နေ့ မနက် ၉ နာရီကနေ ညအထိ လေပြင်းတစ်ခါပြန်တိုက်မယ်။ ၁၇ ရက်နေ့ကျရင်တော့ အားလုံးရှင်းသွားမယ်။ မြိုင်ကိုတော့ ဆရာဦးဝင်းနိုင် ဒီလိုဖြေထားတယ်ရှင့် ဟုတ်ပါတယ် မုန်တိုင်းလာရင် ပြတင်းတံခါးဖွင့်ထားသင့်ပါတယ်
ဆက်စပ်မေးခွန်းများ
ပျားကိုဘာဆေးနဲ့ဖြန်းရင်သေပါသလဲဗျ ခြင်ဆေးဗူးနဲ့ဖြန်းတာလဲမသေလို့ပါအသိုက်ဖျက်ပီးလဲမသွားလို့ပါဆိုင်ကလုန်းဖြန်းလဲမ...
ဖြေကြားချက် 1 ခု
ပဲပီးသွားပီဆိုတော့ အပိုဝင်ငွေလေးရအောင် လယ်မြေမှာ ဘောင်လေးလုပ် Amino လေးဖြန်း ဘိုကာရှီလေးဖြူး နံနံလေး စိုက်မယ်...
ဖြေကြားချက် 3 ခု
မိုးလေဝသသတင်းနဲ့ဆောင်းပါးတွေစောစောတင်ပေးပါခင်ဗျ.....မနက်ပိုင်း ဖတ်ချင်လို့
ဖြေကြားချက် 2 ခု
ကွမ်းစိုက်ပျိုးရေးlinkရှိရင်လင်းပေးကြပါအုံး။
ဖြေကြားချက် 2 ခု
Trichoderma မှိုနဲ့ ဆေးရွက်ကြီး နှစ်ခုပေါင်း သဟဇာတ ဖြစ် မဖြစ် နှင့်အကျိုးအပြစ်သိချင်ပါတယ် ဗျ။ဆေးရွက်ကြီးက Tric...
ဖြေကြားချက် 3 ခု