အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အာကာစိုး
လွန်ခဲ့သော ၃ နှစ် က · စစ်ကိုင်း

ရေကိုခနခနသွင်းလိုက်ထည့်လိုက်လုပ်တာကစပါးခင်းကိုကောင်းစေလားဆိုးစေလားဆရာကြီးတို့

စိုက်ပျိုးနည်း စပါး စပါးခင်းရေပေးစနစ်

ဖြေကြားချက် ၃ ခု

မောင်အောင်မျိုးမင်းသိန်း
မောင်အောင်မျိုးမင်းသိန်း 1,398 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူး ဒါမှဗဟုသုတ မဟုတ်ရင်မသိဘူး မှားမှားမှန်မှန်ပြောသာပြော သိတဲ့သူက လာထိန်းမတ်ပေးသွားမယ်ဆိုတာ တကယ်ပဲ ကျေးဇူးပါဆရာ🙏🙏🙏

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,591 လွန်ခဲ့သော ၃ နှစ် က

ရေကို ကြာကြာ​လှောင်ထားခြင်းက. ခုလို​နေပူချိန်မှာ ​ရေပူ ​နေပူ တမန်းပူပြီး အမြစ်ပုပ်တတ်ပါတယ်။ အပင်ပွားထွက်ချိန် ​ရေ​လှောင်ခြင်းဟာလည်း ပင်ပွားနည်း​စေပါတယ်။ အမြစ်​လေရှူချိန်​ပေးရပါတယ်။

မောင်အောင်မျိုးမင်းသိန်း
မောင်အောင်မျိုးမင်းသိန်း 1,398 လွန်ခဲ့သော ၃ နှစ် က

ကျွန်တော်အမြင်အရတော့ကောင်းတယ်ဗျာ ပေါင်းသတ်ဆေးဖြန်းတဲ့အချိန်ပဲရေမရှိတာကောင်းတာ ကျန်တဲ့အချိန်အမြဲရေရှိနေတာကပိုကောင်းတယ်လို့မြင်ပါတယ် ဆရာကြီးတော့မဟုတ်ဖူး တောင်သူပါပဲ ဒါပင်မဲ့ ရေအမြဲစက်နဲ့သွင်းရတယ် ဆိုရင်တော့ကုန်ကျစရိတ်များမယ် နောက်ပြီး ရေကစပါးအရမ်းမြုတ်နေရင်လဲ မကောင်းသူ အပင်ငယ်စဉ်မှာ ရေကအပင်ရဲ့သုံးပုံတပုံရှိသင့်တယ် ဒါမှလေတိုက်တဲ့အခါ ရေကလှိုင်းထတော့ စပါးပင်ရဲ့အမြစ်ကပိုပြီးသန်မာစေတယ်လို့ စာအုပ်တအုပ်မှာဖတ်ဖူးတယ်အကို

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။