အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
991
လွန်ခဲ့သော ၃ နှစ် က · ပျဉ်းမနား

မှိုဆေးဖျန်းတဲ့ဟာ ဆေးလောင်ထားလို့ပါ ပေါင်းသတ်ဆေးလောင်ထားသလို ဖြစ်နေလို့ပါ အမြန်ပြေလွယ်အောင် ဘယ်ဆေးတွေနဲ့ဖြေပေး...

မှိုဆေးဖျန်းတဲ့ဟာ ဆေးလောင်ထားလို့ပါ ပေါင်းသတ်ဆေးလောင်ထားသလို ဖြစ်နေလို့ပါ အမြန်ပြေလွယ်အောင် ဘယ်ဆေးတွေနဲ့ဖြေပေးရမလဲ သိတဲ့သူများ ဖြေပေးပါဦးဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည် အရွက်
အပင်အာဟာရ နှင်းဆီ
Post image
Post image
Post image
13

ဖြေကြားချက် ၁၃ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

အရွက်နုနု နဲ့ ဇိုး+မန်ကိုဇက် ထိတာပါ။ ၂မျိုးလုံးက အပင်နုရင်/အရွက်အညွန့်နုရင် ထိနိုင်ပါတယ်/​လောင်နိုင်ပါတယ်။ မိုး​ရေထဲက အက်ဆစ်နဲ့​တွေ့ပြီး ပိုဆိုး​စေပါတယ်။ အ​ပေါ်ဖျန်း​ရေ နားထားပါ။ အညွန့်တညွန့်ဖြတ်ပြီး ​ရေဖန်ခွက်အကြည်ထဲထည့် စမ်းသပ်ကြည့်ပါ။ ဖြတ်တဲ့​နေရာက​နေ မီးခိုးမျှင်ထွက်သလား ကြည့်ပါ။ နံက်ခင်းစမ်းရင်ပိုအဆင်​ပြေမယ်။ မီးခိုးမျှင်​လေးလို​တွေ့ရရင် ဘက်တီးရီးယားဝင်​နေလို့ပါ။

991 လွန်ခဲ့သော ၃ နှစ် က

မစမ်းရသေးပါဘူးဗျ စမ်းလိုက်ပါဦးမယ်ဗျ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

အပင်​ခြေဘဲ ​ အစာ​ကျွေး ရေသွင်း လုပ်ပါ ဘက်တီးရီးယား စမ်းပြီးလား

991 လွန်ခဲ့သော ၃ နှစ် က

အပေါ်ရေမဖျန်းပဲ အပင်ခြေရေသွင်းရင် အဆင်ပြေနိုင်လားဗျ အပင်မြေသြဇာကျွေးရင်ကော အဆင်ပြေနိုင်လား ဖြေပေးစေချင်ပါတယ်ဗျ

991 လွန်ခဲ့သော ၃ နှစ် က

အားဆေးတွေ ဆက်ဖျန်းရင် အဆင်​ပြေနိုင်လားဗျ ဖြေပေးစေချင်ပါတယ်ဗျ

991 လွန်ခဲ့သော ၃ နှစ် က

အပေါ်ဖျန်းရေ နားထားပီးတော့ ဘာဆက်လုပ်သင့်လဲ ဖြေပေးပါဦးဗျ အပင်တော်တော်ဆိုးနေလို့ပါဗျ

991 လွန်ခဲ့သော ၃ နှစ် က

ပရိုပီကိုနာဇိုး25% 100cc နဲ့ မန်ကိုဇက်(အပြာ) 80% 500g ကို ဂါလံ 50ကန် နဲ့ တစ်ကန်ဖျော်ဖျန်းပါတယ်ဗျ

14,823 လွန်ခဲ့သော ၃ နှစ် က

မှိုဆေး ဘာအမျိုးအစားလဲ ဆိုတာ ပထမ သိလိုပါတယ် ဒါမှသာ အနီးစပ်ဆုံးအဖြေ ရမှာပါ

991 လွန်ခဲ့သော ၃ နှစ် က

ပရိုပီကိုနာဇိုး 25% မန်ကိုဇက် 80% ပရိုပီကိုနာဇိုး 100cc+မန်ကိုဇက် 500g ဂါလံ 50ကန် တစ်ကန်ဖျော်ဖျန်းပါတယ်ဗျ ဆေးဖျန်းပီးနောက်ရက်ဖြစ်သွားတယ်ဗျ မနက်ပိုင်းဖျန်းပြီး နေ့လည်မိုးမိသွားသေးတယ်ဗျ တစ်ရက်ထက်တစ်ရက် ပိုပိုဆိုးလားလို့ဗျ အရင်ရက်တွေက တစ်ခြားဘက်တွေဖျန်းတာတော့ ဘာမှမဖြစ်ပါဘူးဗျ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

အ​ကြောင်းရင်းကို​ပြောပါဦး။ ​ဆေးများတာလား၊​တေးမှားတာလား.. ဘာမှမဖျန်းရဘဲဖြစ်တာလား

991 လွန်ခဲ့သော ၃ နှစ် က

ရေဖျန်းပြီး အားဆေးလိုက်တာ ပိုဆိုးလာလို့ဗျ ရေလိုက်သင့် မလိုက့်သင့် ဖြေပေးပါဦးခင်ဗျ ဘယ်လိုနည်းနဲ့ဆို အဆင်ပြေမလဲဗျ

292 လွန်ခဲ့သော ၃ နှစ် က

ဝိစာရကထုတ်တဲ့ ရိုက်အပ်အားဆေးလည်း အဆင်ပြေပါတယ်ခင်ဗျာ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

ရွှေခြင်္သေ့မှာPGR သို့မဟုတ် ဖန်းလင့်မှာ အပ်upဆိုပြီး သဘာဝအပင်အား​ဆေးရှိပါတယ်။ ​ဆေးတပုံး၅၀စီစီထည့်ဖျန်း​ပေးပါ။ ၅ရက်ခြား ၂ကြိမ်ဝင်ပါ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။