အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
119
လွန်ခဲ့သော ၃ နှစ် က · မြန်အောင်

စပါးမြေခံတွင်အသုံးပြုသော တီစူပါ ပိုတက်မြေသြဇာများသည်ရေနဲ့အတူအာနိသင်ပါသွားပါသလားသိချင်လို့ပါ ပုလဲကပက်ပီးတပတ်ဆို...

စပါးမြေခံတွင်အသုံးပြုသော တီစူပါ ပိုတက်မြေသြဇာများသည်ရေနဲ့အတူအာနိသင်ပါသွားပါသလားသိချင်လို့ပါ ပုလဲကပက်ပီးတပတ်ဆိုရေလွှတ်လို့ရတယ် တီစူပါ နဲ့ပိုတက်က ပက်ပီးဘယ်လောက်ကြာကြာရေထိန်းထားရမယ်ဆိုတာလေးသိချင်လို့ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁ ရက်
မြေဆီလွှာ စပါး ပိုတက်စီယမ်
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

တိတိကျကျ စမ်းသပ်တိုင်းတာတွက်ချက်မှု အချက်အလက် တစုံတရာ မ​တွေ့ရ​သေးပါဘူးဗျ။ သို့​သော် ယူရီးယားသည် ​ရေ​ပျော်လွယ်ပြီးအပင်က စားလွယ်သလို.. အ​ငွေ့ပျံခြင်း​ကြောင့်ဆုံးရုှံးခြင်း၊ ​မြေကြီး​အောက်စိမ့်ဝင်ဆုံးရှုံးခြင်း၊ ​ရေစီးနဲ့အတူ ဆုံးရှုံးမှု ပမာဏ ဟာP,Kထက်ပိုများပါတယ်။ ​မေးခွန်းမှာ​မေးသလို ​မြေခံမှာကြိုတင်ထည့်ထားတဲ့အတွက် ​မြေကြီးထဲမှာp,kကို ရာနုန်းအ​တော်များများ စုပ်ယူထားပြီးပြီမို့ဆူံးရှုံးမှု နည်းပါလိမ်ွမယ်။ ပြီးတော့..၊​​ရေကြီး​ရေလျှံတာကလွဲရင်၊​ရေကြည်မှ ထုတ်ကြတာမို့ အနည်ထိုင်လွယ်တဲ့ p,k​တွေဟာ ​မြေသားထဲမှာ ကျန်ခဲ့ဖို့များပါတယ်ခင်ဗျာ။ ဆုံးရှုံးမှု/​လေလွင့်မှုနည်းသထက်နည်း​အောင်၊သဘာဝ​မြေသြဇာနဲ့ ​ရောပြီး ​မြေခံမှာ ကြိုတင်ထည့်ခြင်းကို အကြံပြုလိုပါတယ်။(ယူရီးယားကိုလည်း သဘာဝ​မြေသြဇာနဲ့ ကြိုတင်နှပ်ပြီး ​ရေစပ်စပ်မှာ ​ကျွေးသင့်ပါ​ကြောင်း)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။