ဘာပိုးလဲ ဘုန်တော်ကြီးကျောင်းပန်းပင်မှာ
အကြေးပိုး (Cottony cushion scale: Icerya Purchasi Naskell, 1878) ♥ ရေ (၁ဝ) လီတာတွင် ဆီ (၅ဝ-၁ဝဝ) မီလီလီတာထည့်ကာ ဝါချည်မျှင်ရောင်ရှိအကြေးပိုး ကျရောက်နေသော အပင်များကို နှံ့နှံ့စပ်စပ်ဖြင့် ပက်ဖျန်းပါ။ ♥ ငရုတ်သီးမှည့် (၆၀) ဂရမ်ကို နုတ်နုတ်စင်းကာ တောအရက် (၄) လီတာတွင် ဖျော်စပ်ကာ (၁၄)ရက်ကြာထားပါ။ ထို့နောက်ပိတ်စိမ်းပါးဖြင့် စစ်ချညှစ်ယူပြီး ရရှိလာသော စစ်ကျရည် (၆၅) မီလီမီတာကို ရေ (၅) ဂါလံတွင် ဖျော်စပ်၍ ပက်ဖျန်းပါ။ ♥ တမာသီးအမှည့် (၂) ကီလိုဂရမ်ကို ရေအနည်းငယ်ထည့်၍ အသီးအားလုံးကို ထုထောင်းချေမွပါ။ (သစ်သီးဖျော်စပ်ကိုအသုံးပြုနိုင်သည်)။ ရရှိ လာသော တမာသီးဖျော်ရည်ကို တစ်ညသိပ်ထားပါ။ ထို့နောက် ရေ (၁၅) လီတာနှင့် ရောသမမွှေ၍ ပိတ်စိမ်းပါးဖြင့် စစ်ချညှစ်ယူပါ။ ရရှိလာသော စစ်ကျရည်ကို အပတ်စဉ် ပက်ဖျန်းပေးပါ။ ♥ တမာစေ့ဆီ ထမင်းစားဇွန်း (၅) ဇွန်းကို ရေတစ်လီတာတွင် ဖျော်၍ ဆပ်ပြာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းထည့်ကာ သမအောင်မွှေပြီးနောက်ပက်ဖျန်းပါ။ ♥ ကင်မွန်းစေ့ (၁) ကီလိုဂရမ်ကို မှုန့်ညက်အောင်ထုထောင်းပါ။ ရရှိလာသော အမှုန့်များကို ရေတစ်ဂါလံတွင် ထည့်၍ ရောမွှေသမီပေးပါ။ ထို့ နောက်ပိတ်စိမ်းပါးဖြင့် စစ်ချညှစ်ယူပါ။ ရရှိလာ သော စစ်ကျရည်များကို ရေ (၂၅) ဂါလံဖြင့် ဖျော်စပ်ပါ။ တမာစေ့ဆီ (၂) ပုလင်းကိုလည်း ရောမွှေ၍ တစ်ပင်လုံးကိုသာမက ပင်ခြေရင်းမြေကြီးကိုလည်း ပက်ဖျန်းပါ။ ♥ လက်ဖက်ဆီဖြင့်ပြုလုပ်ထားသော ဆပ်ပြာတစ်ဆလျှင် ရေအဆ (၁၀၀) ရောစပ်သမကာ ပက်ဖျန်းပေးပါ။ လက်ဖက်ဆွေးမြေဩဇာ၊ တင်လဲနှင့် သံပုရာဆီ ကို ရောနှောသုံးပါ။ ဓာတုဆေး အသုံးပြုလိုပါက ဒိုင်မီသိုအိတ် (Dimethoate) လန်ဘဒါဆိုင်ဟာလိုသရင် (Lambda-cyhalothrin) တစ်မျိုးမျိုးကို အသုံးပြုပါ။
ဆက်စပ်မေးခွန်းများ
ဘယ်ဆေးဖျန်းရင် ကောင်းလည်းဗျ
ဖြေကြားချက် 3 ခု
ရေလည်းနိုင်နေတာပါအဖူးတွေလည်းအများကြီး ဒါမဲ့အပွင့်မအောင်ဘူး ရိုးတံကညှိုးခြောက် အဖူးကလည်းပျက်နဲ့ ဘယ်လိုလုပ်ရမလဲ...
ဖြေကြားချက် 3 ခု
ပန်းပင်တေဖူးလုံးဝင်အောင်ြဖန်းလို့ရမည့်ဆေးများညွန်းပေးြကပအုံးဗျ ကြယ်ဖြူပါ နှစ်လခွဲရှိပာပီ
ဖြေကြားချက် 1 ခု
avermectinက ဘယ်ပိုးအတွက်သုံးရတာလည်းဗျ စံပယ်ပန်းအဖူးတွေပိုးကျလို့ ဆေးဆိုင်က ဒါသုံးလို့ညွှန်းလိုက်လို့
ဖြေကြားချက် 3 ခု
ဘာပိုးအမျိုးအစားလဲရှင့် ကာကွယ်ကုသနည်းလေး ပြောပြပေးပါနော် 🙏🏻
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။