အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Sawkyaw myothet
လွန်ခဲ့သော ၃ နှစ် က · ဇလွန်

စိုက်ပျိုးရေးပညာရှင်များခင်ဗျာ မြေချဉ်ပြုပြင်ရာမှာသုံးတဲ့ ထုံးနိုရည် ultra green ဆိုတာဘယ်လိုဟာမျိုးလဲ ကောင်းကျိုးဆိုးကျိုးလေးကိုပြောပြပေးပါဦး

ဖြေကြားချက် ၅ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

မြေချဥ်ငံပြုပြင်ရန်အတွက်ဆိုရင်​တော့ ထိ​ရောက်မှု ​နှေးမယ်/နည်းမယ်ထင်ပါတယ်။ Caco3ကယ်လစီယံကာဘွန်နိတ်ကို အရည်ပုံစံပြုလုပ်ထားတာဆို​တော့.. ​မြေကြီးထဲက အချဥ်ဓါတ်(ဟိုက်ဒြိုဂျင် အိုင်းယွန်း​တွေ)ကို ၊ဓါတ်ဖလှယ်နည်းနဲ့ ဖယ်ထုတ်ဖို့ အ​ခြေအ​နေ နည်းပါတယ်။ အကျိုးမရှိဘူးလား​မေးရင်.. ရှိနိုင်ပါတယ်။ ကယ်လစီဓါတ်ချို့တဲ့ရင် အတိုင်းအတာတခုအဖြစ်ဖြည့်စွက်​ပေးပါတယ်။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၃ နှစ် က

pHတယူနစ်တက်ဖို့ တဧကအတွက် ထုံး ​ပေါင်၂၀၀၀လိုအပ်တယ်လို့​ ဆိုပါတယ်

Sawkyaw myothet
Sawkyaw myothet 698 လွန်ခဲ့သော ၃ နှစ် က

တဧကကို ဘယ်လောက်ပက်ရမလဲဆရာ ၁၅အိတ်လောက်ပက်ရင်ရော ထိရောက်မှုရှိနိုင်မလား ကျေးဇူးပြု၍ဖြေကြားပေးပါဦး။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ပါတယ်။ မ​​ဖောက်ထုံးသည်သာ ​ ​မြေချဥ်ကိုမြေပြင်ဖို့ အသင့်​တော်ဆုံးပါ။

Sawkyaw myothet
Sawkyaw myothet 698 လွန်ခဲ့သော ၃ နှစ် က

ဒါဆိုရင် မဖောက်ထုံးပက်တာက သူ့ထက်ပိုထိရောက်တာလား ဖြေပေးပါဦးဆရာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စပါးစိုက်ဖို့မြေပြင်တဲ့အခါသဘာဝပတ်ဝန်းကျင်မပျက်စေဖို့ အပင်တွေကိုမခုတ်ထွင်ဘဲမထွန်ယက်ပစ်ဘဲစိုက်ရမယ်လို့ပြောထားပါ...

ဖြေကြားချက် 1 ခု

မတ်ပဲတွေသေလို့ မြေချဉ်လို့ သေရတယ်လို အများပြောနေကြပါတယ် မြေချဉ်လို့စပါးမထိုးမီထုံးထည့်ရမည်ဆ်ုတော့လည်း မြေချဉ်...

ဖြေကြားချက် 5 ခု

လယ်မြေပြင်ရန်အတွက် မဖောက်ထုံးပက်ချင်ပါတယ် မြေပြင်ကို ထုံးပက်ပြီးမှ စက်မောင်ရမှာလား စက်မောင်းပြီးမှ ထုံးပက်ရမှာ...

ဖြေကြားချက် 1 ခု

စပါးမစိုက်တာ ၁နှစ်လောက်ရှိတဲ့လယ်ထဲမှာ မိုးစပါးပြန်စိုက်မလို့ပါ လယ်ထဲမှာ ရိုးပြတ်တွေရှိပါတယ် မြေကိုဘယ်လို ပြန်...

ဖြေကြားချက် 1 ခု

ဆရာခဗျ လယ်မြေပြင်ရန်တဧကကိုနွားချေးလှည်း၁၀စီးထည့်ရမှာက လှည်းတစီးမှာ နွားချေးဘယ်နှစ်တင်းလောက်ပါမလဲခဗျ။ တတင်းခွဲ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။