အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
696
လွန်ခဲ့သော ၃ နှစ် က · မော်လမြိုင်ကျွန်း

အရေးကြီးလို့ဆရာများအကူအညီတောင်းပါတယ် စပါးမရတာ သုံးနှစ်ရှိပါပြီ လယ်မြေအ‌‌ေခြအနေက ကျန်ခဲ့တဲ့လေးနှစ်အလွန်က စပါးတ...

အရေးကြီးလို့ဆရာများအကူအညီတောင်းပါတယ် စပါးမရတာ သုံးနှစ်ရှိပါပြီ လယ်မြေအ‌‌ေခြအနေက ကျန်ခဲ့တဲ့လေးနှစ်အလွန်က စပါးတအားကောင်းတဲ့လယ်တွေပါ ရေမိုးအဆင်ပြေပါတယ် ‌မိုးတွင်းဘက်ဆို ချောင်းရည်က ဝင်လိုက်ထွက်လိုက်နဲ့ ဆိုတော့ နုန်းတင်ကျန်ပြီးမြေဆီမြေနှစ်အလွန်ကောင်းပါတယ်။ဒါပေမယ့် စပါးမှည့်ချိန်ဆို ရေထိန်းမရဖြစ်ပြီး စပါးတွေရေမြုပ် အလွန်လေတဲ့အတွက် ကျန်ခဲ့တဲ့လေးနှစ်က နွေစပါးသိမ်းပြီး ဘက်ဟိုးနဲ့ တာပတ်ပလိုက်ပါတယ်ခင်ဗျ။ တာပတ်ပြီး မိုးစပါးစိုက်၊ သိမ်းချိန်ရောက်တော့ စပါးတွေလဲတဲ့အတွက်လယ်မြေကိုအခြောက်ခံပြီး ရိတ်သိမ်းလိုက်ပါတယ်။ အဲ့စပါးသိမ်းပြီး ချိန်ကစပြီးနှစ်နှစ်ဆက်တိုက်‌ နွေစပါးကြဲလျှင်ပင်ပွားမကောင်း စပါးပင်များမျှင်မျှင်လေးနှင့်ဝါ ပုလဲမကိုက် နီတိုဖြစ် ။ ယခုသုံးနှစ်မြောက်ကျတော့ ပုံထဲကအတိုင်းအနီစက်များနှင့်အရွက်များ‌ေြခာက်လာပါတယ် တစ်လံပက်လည် လောက် အပင်များပုကွ ပြီး နူသလိုဖြစ်လာပါတယ် အပင် တစ်လခွဲသားလောက်ထဲက နီတိုဖြစ်ပြီး အစာမကိုက်လို့ ဆရာခေါ်ပြဆေးဖြန်းသော်လဲ ဆေးဖိုး ဆေးဖိုးသာကုန်ပြီး မသက်သာသောကြောင့် ‌ဒီနှစ်ကတော့ စပါးမရရင်နေပါစေ နောက်နှစ် စပါးပင်များ ရောဂါကင်းကင်းနဲ့ကျန်းမာဖို့ ‌ကျရောက်နေတဲ့ရောဂါအမျိုးအစားနဲ့ ‌နောက်နှစ် စပါးမစိုက်မီ မြေယာကြိုတင်ပြင်ဆင်သင့်သည်များကို Green Way မှ ဆရာများမှ ကူညီဖြေကြားပေးဖို့ လေးစားစွာအကူအညီတောင်းပါတယ် စာအရှည်ကြီးဖတ်ပေးလို့ ကျေးဇူးပါခင်ဗျ မြေဩဇာကတော့ ပုလဲ အသီး နှင့် ပိုတက် ကြွေးပါတယ်

Post image
Post image
Post image
Post image
Post image
8

ဖြေကြားချက် ၈ ခု

580 လွန်ခဲ့သော ၂ နှစ် က

ကျောက်မှုန့်ခံပေးပါ တစ်နှစ်နဲ့တစ်နှစ် ပိုပိုကောင်းလာပါလိမ့်မယ်

987 လွန်ခဲ့သော ၃ နှစ် က

မှီတယ်

193,301 လွန်ခဲ့သော ၃ နှစ် က
696 လွန်ခဲ့သော ၃ နှစ် က

နှစ်လခွဲလောက်ဖြစ်နေပြီ မှီသေလားအကို ရေထရက်တုန်းကတော့ ပိုတက်တစ်ပိုင်းနဲ့ပုလဲတစ်ပိုးကြွေးထားတယ် ဆရာခေါ်ပြတော့လဲ ပိုးသတ်ဆေးပဲဖျန်းခိုင်းနေတယ်

987 လွန်ခဲ့သော ၃ နှစ် က

ပိုတကျ 6ပွည့ျ ဂစြျပျဆမျ တအိပျ သုံးလိုကျ အကို

696 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါဗျ

5,967 လွန်ခဲ့သော ၃ နှစ် က

အကိုကျွန်တော်လယ်လဲအရင်ကအဲ့လိုဖြစ်တာဂျပ်ဆန်ပတ်တာအခုဆိုကောင်းနေp

696 လွန်ခဲ့သော ၃ နှစ် က

ပုံထဲမလို့မသိသာတာပါ အပြင်မှာ ပုကွပြီး နီကြောင်ကြောင်အကွက်တွေအများကြီးဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။