အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုကြည်လွင်
လွန်ခဲ့သော ၈ နှစ် က · မြစ်သား

အရွက်တွေမှာကွက်ပီး အပင်တွေညိုးကုန်တယ် အပွင့်တွေလဲအသီးမတင်တော့ဘူးဘိုရွန်အားနဲတာတဲ့ အပင်တွေဘိုရွန်အားနဲရင်ဘာလုပ်ပေးရမလဲ ဘယ်မြေသြဇာနဲ့ဘာဆေးတွေသုံးရလည်းခမျ နောက်ပီးတော့ အသီးတွေမှာလည်း ထွဋ်နေလို့ ကျေးဇူးပြုရွေ့ အလင်းပြကျပါဦးခမျာ

အပင်အာဟာရ သင်္ဘော
Post image
Post image
Post image
Post image
Post image
+၂
6

ဖြေကြားချက် ၆ ခု

ကိုကြည်လွင်
ကိုကြည်လွင် 1,740 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူးအထူးတင်ပါတယ်

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,035 လွန်ခဲ့သော ၈ နှစ် က

ဘိုရွန်ချို့တဲ့မှုအား ကာကွယ်ကုသခြင်း စိုက်ခင်းအား သဘာဝမြေသြဇာများ ပုံမှန် ထည့်သွင်းနေလျှင် ဘိုရွန်ချို့တဲ့မှုလက္ခဏာအား လျော့နည်းသက်သာစေပါသည်။ ဘိုရွန်ချို့တဲ့မှုလက္ခဏာအား ကာကွယ်ရန် ၃ ပေပတ်လည် စိုက်ကျင်းနေရာအား အပင်မစိုက်မီ ကြိုတင်၍ ယူရီးယား၊ တီဆူပါ၊ ပိုတက်ရှ် ပါသောမြေသြဇာများကို သဲဆန်သောမြေများအတွက် လက်ချား (Borax) ၂၀ ဂရမ်/မြေဆီသြဇာထက်သန်သောမြေများအတွက် လက်ချား ၁၀ ဂရမ်ဖြင့် ရောစပ်၍ မြေခံအဖြစ် ထည့်သွင်းစိုက်ပျိုးပါ။ အပင် ၉ လသား ၁၀ လသားခန့် ရှိလာသောအခါ လက်ချား ၁၀ ဂရမ်ကို ၃ ပေပတ်လည်စိုက်ကျင်းအား ထပ်၍ ထည့်သွင်းပါ။ ယင်းသို့ မထည့်သွင်းလိုလျှင် ရေတစ်လီတာတွင် လက်ချား ၂ ဂရမ်နှုန်းခန့်ဖြင့် ရေနွေးပူတွင် ဖျော်ပါ။ ၎င်းဖျော်ရည်အား အပင်ပေါ်သို့ ၄ ပတ်ခြားတစ်ကြိမ် ပက်ဖျန်းပေးပါ။ ဆောင်းတွင်းကဲ့သို့ အေးသောကာလများတွင် အပင်အား ပက်ဖျန်းပေးခြင်းသည် အပင်ခြေတွင် ထည့်သွင်းပေးခြင်းထက် ပို၍အကျိုးရှိစေပါသည်။ ထို့အပြင် အပင်ပေါ်အား ပက်ဖျန်းပေးခြင်း၏ အားသာချက်မှာ ဘိုရွန်လွန်ကဲမှုလက္ခဏာပြလာလျှင် ပက်ဖျန်းပေးခြင်းအား ရပ်ဆိုင်းထား၍ ရခြင်းပင်ဖြစ်သည်။ အကယ်၍ ဘိုရွန်လွန်ကဲမှု လက္ခဏာပြလာလျှင် အပင်အား လက်ချားဖျော်၍ ပက်ဖျန်းခြင်းကို ၆ ပတ်ကြာမျှ ရပ်ဆိုင်းထားရမည်ဖြစ်ပါသည်။ ။ သင်္ဘောပင်နှင့် အနည်းလိုအာဟာရဓာတ် ဘိုရွန် https://greenwaymyanmar.com/posts/papaya-and-boron

ကိုကြည်လွင်
ကိုကြည်လွင် 1,740 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူးပြုရွေ့ဖြေပေးပါဦးခမျာ

ကိုကြည်လွင်
ကိုကြည်လွင် 1,740 လွန်ခဲ့သော ၈ နှစ် က

ရေတင် မိုးရွာဖြစ်သွားတာ ရေအီသွားတာခမျ ရေမဝပ်ဘူးခမျ

ကိုအံ့ထက်ကျော်
ကိုအံ့ထက်ကျော် အတည်ပြုပြီး 185,097 လွန်ခဲ့သော ၈ နှစ် က

ရေဝပ်သလားအကို ရေအခြေအနေ ဘာတွေလုပ်ထား လဲဆိုတာ သိချင်ပါတယိ

zaw min oo
zaw min oo 1,160 လွန်ခဲ့သော ၈ နှစ် က

အပင်အောက်ခြေအနေအထားကိုသိချင်ပါသည်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။