အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Kaung Sat
Kaung Sat 1,111
လွန်ခဲ့သော ၃ နှစ် က · မြန်အောင်

စိုက်ပျိုး မွေးမြူရေးလုပ်ငန်းရှင်များ အတွက် အကျိုးဖြစ်ထွန်းစေမည့် နေဗီယာမြက်(ပန်ချောက်ဝမ်) နေဗီယာမြက်ဟာ ကြံပင်လိုလို ပြောင်းဖူးပင်လိုလို အပင်ကြီးမျိုးဖြစ်ပါတယ် ရိုးရိုးမြက်မှာ အသားဓာတ် protein ၅% သာ ပါဝင်ပြီး နေဗီယာမြက်မှာတော့ ၁၁-၁၈% ထိပါဝင်ပါတယ် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်ကိုကျွေးပါက သာမန်မြက်ထက် ၂ဆ၃ဆ ပို၍ကြီးထွားမြန်သည် တစ်ခါစိုက်ပြီးလျှင် ၇နှစ်ကာလထိ ရိတ်သိမ်းနိုင်သလို စိုက်ပျိုးပြီး ၁လခွဲမှ ၂လအတွင်း တစ်ကြိမ် ရိတ်သိမ်းနိုင်တဲ့ မြက်ဖြစ်ပါတယ် ၁ဧကစိုက်လျှင် ၁နှစ်ကို တန် ၁၀၀ မှ ၂၀၀ နီးပါးထွက်ရှိသည် စိုက်ပျိုးရန် အကောင်းဆုံးအချိန်ကတော့ ယခုကာလ မိုးကုန်ကာလ ဖြစ်ပါတယ် စိုက်ပျိုးနည်း နည်းလမ်း ၁ မြက်ပင်ကို ၂ ဆစ်ခြားတစ်ပိုင်းဖြတ်၊ မြေကြီးထဲသို့ တစ်ဆစ်ကိုထိုးထည့်ပါ ကျန်တစ်ဆစ်ကို မြေပေါ်တွင် ကပ်လျက်ဖော်စိုက်ပါ မြက်အပိုင်း တစ်ချောင်းနှင့် တစ်ချောင်း လက်တစ်ထွာ ခွါပီး အမြှောက်လက္ခဏာအနေအထား စိုက်နိုင်ပါသည် နည်းလမ်း ၂ ကြံစိုက်သလို မြက်ပင် အချောင်းလိုက်မြေမြှုပ်စိုက်နိုင်ပါသည် စိုက်ပျိုးရန် ပြုပြင်ခြင်း လယ်မြေမှာထွန်ယက်ပြီး ၄ပေခြား မြောင်းဘောင်များ ပြုလုပ်ပါ ထွန်ယက်ပြီးမြေတွင် နွားချေး၊ မြေဆွေး ထည့်၍ မြက်ပင်ကို မြေပါးပါးအုပ် စိုက်ပျိုးနိုင်ပါပြီ နွားချေး၊ မြေဆွေး သို့မဟုတ် ယူရီးယား ဓာတ်မြေဩဇာကို အသုံးပြုနိုင်ပါသည် ရေမြှပ်ရေကြီးလျှင် အပင်မသေနိုင်သော်လည်း အပင်ပွါးမထွက် နိုင်ပါ။ နွေကာလတွင် ငါးရက်ခြားတခါ ရေပေးသင့်သည် ရေမပေးနိုင်လျှင် အပင်မသန်၍ ထွက်နှုန်းနည်းနိုင်သည် စိုက်ပျိုးပြီး ၄၅ ရက်တခါ ခုတ်ယူနိုင်ပါသည် ခုတ်ယူသည့်အခါ အပင်အရင်း မြေကြီးနားမှ ကပ်ခုတ်မှသာ တစ်ရုံမှာ ၁၀ ပင်လောက်ထပ်မံ ဖြာထွက်နိုင်သည် နေဗီယာမြက်မျိုးများ ဝယ်လိုပါက 09984525540 ကိုဆက်သွယ်မှာယူနိုင်ပါသည်။ မြန်အောင်မြို့နယ်.ရွှေကျင်.သပြေကုန်း အိမ်ရောက်ငွေချေ ရပါတယ်ဗျ။ BBC ဦးဝင်းမြင့်၏ မျှဝေမှုမှ ပြန်လည်တင်ပြသည်။ #နေဗီယာမြက် #Napier Grass

စိုက်ပျိုး ရေ မြက် (နွားစာ)
Post image
Post image

ဖြေကြားချက် ၂ ခု

Kaung Sat
Kaung Sat 1,111 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါဗျ

မြတ်မင်းသူ
မြတ်မင်းသူ 176 လွန်ခဲ့သော ၃ နှစ် က

အရမ်းကောင်းတဲ့ဆောင်းပါး ကျေးဇူးအထူးတင်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။