အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Thet Naing
Thet Naing 2,627
လွန်ခဲ့သော ၈ နှစ် က · မကွေး

ခိုင်းနွားတွေကို လျှင်မြန်စွာ ဝ လာရန် ဘာတွေကျွေးမွေးရမလဲခင်ဗျာ သဘာဝနည်းဖြင့်

အာဟာရဗေဒ နွား
Post image
21

ဖြေကြားချက် ၂၁ ခု

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က
ဤအဖြေဖြင့် ပြေလည်

အရင်ဆုံး ဖတ်ကြည့်ပါ နွားအတွက်လိုအပ်တဲ့ စွမ်းအင်ဓာတ်အကြောင်း အသားဓာတ်အကြောင်းသိပြီးရင်ပြောရလွယ်သွားပါပြီ လက်ရှိဘာတွေကို ဘယ်လောက်ကျွေးနေပါသလဲ

myintwai
myintwai 1,974 လွန်ခဲ့သော ၇ နှစ် က

နှမ်းဘက်ကိုဘယ်လိုကျွေးရမလဲရေနဲရောတိုက်ရမှာလား

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

အာဟာရအရည်အသွေးပြည့်ဝတဲ့ ပြောင်း ( သို့မဟုတ် ) မြက်ကို နွားအတွက် လုံလောက်အောင်ကျွေးနိုင်တယ်ဆိုရင် အသားဓာတ်ရဖို့ရာ နှမ်းဖတ်ကျွေးနိုင်ရင်ရပါတယ်။ အာဟာရအရည်အသွေးပြည့်ဝတဲ့ ပြောင်း ( သို့မဟုတ် ) မြက် ဟာ စွမ်းအင်ဓာတ်ရော အသားဓာတ်ပါ ကောင်းကြပါတယ်။ ကောက်ရိုးပဲကျွေးနေတယ်ဆိုရင်တော့ ကောက်ရိုးမှာ အမျှင်ဖြစ်သည့်အတွက် စွမ်းအင်ဓာတ်ရသော်လည်း အရည်အသွေးမကောင်းသည့်အတွက် ဆန်ကွဲ ဖွဲ ပြောင်း ( စွမ်းအင်ဓာတ်ရော အသားဓာတ်အတွက်ပါ ) ကျွေးဖို့လိုအပ်ပါတယ်။

zaw  moe
zaw moe 117 လွန်ခဲ့သော ၈ နှစ် က

မတ်ပဲကျွေး

Thet Naing
Thet Naing 2,627 လွန်ခဲ့သော ၈ နှစ် က

မရှိဘူးဗျ

ဦးစိုးပိုင်
ဦးစိုးပိုင် 1,629 လွန်ခဲ့သော ၈ နှစ် က

အကိုရောင်းနွားရှိလားဝယ်ချငါတယ်

u boon thein
u boon thein 117 လွန်ခဲ့သော ၈ နှစ် က

ကောက်ရိုးမြက်ခြောက ဆန်ကွဲဖွဲနုပဲဖတ်ကျွေး

MDEP
MDEP 2,381 လွန်ခဲ့သော ၈ နှစ် က

ဖြစ်ထွန်းနိုင်ပါတယ်။ အပင်ရဲ့သဘာဝအရ မြေ၏အစိုဓာတ် (50%)/အခြောက်ဓာတ် (50%) အဖြစ်ဖန်တီးပေးနိုင်ပါက ထွက်နှုန်းနှင့် အာဟာရတန်ဖိုး တိုးစေမှာဖြစ်ပါတယ်။

Thet Naing
Thet Naing 2,627 လွန်ခဲ့သော ၈ နှစ် က

နေပီယာမြက် မကွေးတိုင်း ဖြစ်ထွန်းလောက်သလားဗျ

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

ရေ ၂၄ နာရီသောက်နိုင်အောင်ထားပေးပါ ရေပိုသောက်ရတဲ့နွားက ပိုစားနိုင်ပါတယ် အများအားဖြင့် အစာနဲ့ရေရောဖျော်ပြီး တနေ့ ၂ ကြိမ်လောက်ပဲတိုက်ကျတော့ ၂၄ နာရီရေရအောင် တိုက်ရင်တောင် ချက်ချင်းတော့ ရေသောက်နှုန်းတိုးမှာမဟုတ်ဘူးပေါ့ ဖြည်းဖြည်းချင်းပြောင်းယူရပါမယ် အာဟာရပြည့်တဲ့ မြက်အစိုကျွေးနိုင်ရင်ပိုကောင်းပါတယ်

Thet Naing
Thet Naing 2,627 လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့ပါ

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

မြန်မာဆေးအနေနဲ့ကတော့ မပြောတတ်ပါဘူး ဆေးလိုက်တာထက် အစာကျွေးစနစ်ကိုပဲ အဓိကထားစေချင်ပါတယ်

Thet Naing
Thet Naing 2,627 လွန်ခဲ့သော ၈ နှစ် က

နွား အစားတိုးရန်အတွက် ဘာဆေးတွေ တိုက်ရမလဲ ခင်ဗျ မြန်မာ့ ဆေးလေး ရှိရင်ပြောပြပါ့ဦး အကိုဆရာရေ

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

နှမ်းဖတ်ပါ နှမ်းဖတ်က ဖွဲနုထက် အသားဓာတ်ရော စွမ်းအင်ဓာတ်ရောပိုပါပါတယ်

Thet Naing
Thet Naing 2,627 လွန်ခဲ့သော ၈ နှစ် က

နှမ်းပတ်နဲ့ ဖွဲ ဘယ်ဟာက ပို၍ခန္ဓာကိုယ် ဖွံ့ဖြိုးစေပါသလဲ

Thet Naing
Thet Naing 2,627 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူးပါ

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

အခြောက်ကျွေးတဲ့အလေ့ရှိရင် ဒီနှစ်တော့မမီတော့ပေမယ့် နောက်နှစ်မှာ ပြောင်းကို အာဟာရတန်ဖိုးမြင့်တဲ့အရွယ် ( အဖူးဖူးချိန်ဆိုလည်း နို့ရည်တည်စအချိန်/ အနှံမထွက်ခင်အချိန်) မှာနည်းစနစ်တကျ အခြောက်လှန်း၍ကျွေးပါ။ အခြောက်ကျွေးတာထက် ချဉ်ဖတ်လုပ်ပြီးကျွေးနိုင်ရင် ပိုကောင်းပါတယ်။

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

ပြောင်းရိုးနှင့်မြေပဲရိုးရောကျွေးတယ်ဆိုရင် မြေပဲရိုးပမာဏကိုပိုကျွေးပေးပါ

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

လက်ရှိအစာအရဆိုရင် အသားဓာတ်အတွက် မြေပဲရိုးခြောက်ပိုကျွေးပေးပါ မြေပဲရိုးကအခြောက်ဖြစ်တဲ့အတွက် အချိုဓာတ် ( စွမ်းအင်ဓာတ် ) ရစေရန် သကာရည်ဖြန်းကျွေးပါ နှမ်းဖတ်က ခန္ဓာကိုယ် အသားတိုးနှုန်းကို ကြည့်ပြီး ကိုယ်တတ်နိုင် ကျွေးနိုင်သလောက် အနည်းဆုံး ၅၀ သား နှင် အထက်ကျွေးနိုင်ပါတယ်

Thet Naing
Thet Naing 2,627 လွန်ခဲ့သော ၈ နှစ် က

ပြောင်းရိုး မြေပဲရိုး နှမ်းပတ် ဒါတွေကျွေးပါတယ်ခင်ဗျာ

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

လတ်တလော ဘာတွေကျွေးနေပါသလဲ ဘာအစာတွေ ရနိုင်ပါသလဲ နွားမွေးမြူရေးမှာ အခြေခံအာဟာရဗေဒဆိုတာ ပါပါတယ် ဖတ်ကြည့်ပြီးပါပြီလား

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။