အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1
လွန်ခဲ့သော ၃ နှစ် က · လက်ပံတန်း

ပိုးသတ်ဆေးနှင့်အားဆေးကိုဘယ်ဆေးအုပ်စုတေကိုမတွဲသင့်တာရှိလဲဆရာတို့

စိုက်ပျိုး ဗဟုသုတ မတ်ပဲ ဆေး ရောစပ်ပက်ဖြန်းခြင်း

ဖြေကြားချက် ၄ ခု

4,843 လွန်ခဲ့သော ၃ နှစ် က

အနည်ထိုင်တယ်ဆိုလို့ ကျ​တော်ငါးအမိုင်နိုဘဲ ဖျန်းတာ​တောင် ​ဖျော်ထားတဲ့အရည်က၇နာရီ​လောက်ကြာ​တော့ အနည်ထိုင်သွားတယ်ဗျ အဲ့တာ​ကောင်းနိုင်ပါ့မလားဗျ

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၃ နှစ် က

နှစ်ခုလုံးဖြစ်နိုင်ပါတယ်ဗျ။

1,358 လွန်ခဲ့သော ၃ နှစ် က

သီးနှံပေါ်မှာရောဆိုးကျိုးတွေဖြစ်သွားနိုင်လား ဆေးရောအာနိသင်ပျယ်သွားမလားသိချင်ပါတယ်ဆရာ

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၃ နှစ် က

အား​ဆေး​ဖော်မြူလာ​ပေါ်မူတည်တယ်ဗျ။ ပုံမှန်အရပိုး​ဆေးနဲ့ အား​ဆေးကို ​ရောဖျန်းကြပါတယ်။ ဘာမှမဖြစ်ပါဘူး။ ဒါ​ပေမယ့်.. အခုတ​လော အချို့အား​ဆေးနဲ့ ပိုးသတ်​ဆေး ​ရောရင် အနည်ထိုင်တာ၊ တွဲ ကပ်သွားတာ မျိုး​တွေ့ရပါတယ်။ အား​ဆေးထဲမှာ ​ကော့ပါး​တွေ၊ဆာလဖာ​တွေ များရင်၊WP​ပိုးသတ်​ဆေး​တွေ နဲ့ ​ရောရင် ရုပ်​​ပြောင်းလဲမှု​တွေ​တွေ့ရပါတယ်။ အပြင်မှာ အစမ်း​ရောကြည့်တာ အ​ကောင်းဆုံးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

profenofos-phoximနဲ့ အဇိုစထိုဘင်-တဗျူကိုနာဇိုး ဒီနှစ်ခုရောဖျော်တာဆေးကကျဲပြီးအောက်မှာအနှစ်ဖက်တွေဖြစ်သွားတယ် အဲ...

ဖြေကြားချက် 3 ခု

ဇီ၀မြေဩဇာထ့ည့်သွင်းထားသော စိုက်ခင်းကို ဓာတုမြေဩဇာထည့်သွင်းပါက သက်ရှိဇီ၀ပိုးများသေကြေ၍ အကျိုးမရှိတော့ကြောင်း...

ဖြေကြားချက် 1 ခု

ပရိုပီကိုနာဇိုး +ဒီုင်ဖီနို ကို နာဇိုး အရောနဲ အဇိုစထိုဘင်+တစ်ဗျူကိုနာဇို အရောတွဲဖျန်းလို့ရလားခင်ဗျားအပွင့်အသီး...

ဖြေကြားချက် 2 ခု

မှိုသတ်ဆေး၊ ပိုးသတ်ဆေးတွေနဲ့ ရောစပ်ဖျန်းလို့ရတဲ့ တွယ်ကပ်ဆေးတွေက စပါးပင်ရဲ့ လေရှုပေါက်တွေကိုပိတ်ဆို့နိုင်ပါသလား...

ဖြေကြားချက် 2 ခု

စပါးအတွက်ပိုးသတ်ဆေးနဲ့မှိုဆေးကရောဖြန်းလို့ရလားရှင့် မနက်ပိုင်းနဲ့ညနေပိုင်းဘယ်အချိန်ကဖြန်းလို့ပိုသင့်တော်ပါသလဲ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။