အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
3,427
လွန်ခဲ့သော ၃ နှစ် က · ဖြူး

ဘူးပင်တွေ အညွန့်တွေဖြာပြီး အသီးကင်းလေးတွေလိုက်နေမှ အကင်းလေးဘဝနဲ့ ပုပ်ကုန်တာ ဘာဖြစ်လို့လဲခင်ဗျ.. ပုံပါအရွယ်အစား...

ဘူးပင်တွေ အညွန့်တွေဖြာပြီး အသီးကင်းလေးတွေလိုက်နေမှ အကင်းလေးဘဝနဲ့ ပုပ်ကုန်တာ ဘာဖြစ်လို့လဲခင်ဗျ.. ပုံပါအရွယ်အစားထက်ပိုပြီးကြီးမလာဘဲ ပုပ်ကုန်ကြလို့ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
မည်သည့်အပိုင်း ထိခိုက်သနည်း?
အသီး
ရာသီဥတု (တစ်ပတ်အတွင်း)
နှင်းကျ
စိုက်ပျိုး ဗဟုသုတ ဘူး
Post image

ဖြေကြားချက် ၃ ခု

193,301 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

ပုပ်ရခြင်းအကြောင်းအရင်းတွေပါ အသီးကိုစားတာမို့ ဓာတုထက် သဘာဝနည်းလေးနဲ့ အရင်ဆုံးနှိမ်နင်းကြည့်ပါရှင့်

3,427 လွန်ခဲ့သော ၃ နှစ် က

ပဲခူးတိုင်းအရှေ့ ထဲကမြို့ငယ်လေးမှာမို့ စိုက်ပျိုးရေး ဆေးဝါးက အလွယ်ဝယ်မရတော့ သဘာဝနည်းနဲ့ပဲ လုပ်ကြည့်လိုက်ပါ့မယ်ခင်ဗျ

193,301 လွန်ခဲ့သော ၃ နှစ် က

၁။ ဝတ်မှုံကူးမှု ချို့ယွင်းခြင်း (Poor pollination) ဘူး၊ ဖရုံ မျိုးနွယ်တွေဟာ အဖိုပွင့်၊ အမပွင့် သီးခြားစီရှိပြီး ဝတ်မှုန်ကူးမှု အောင်မြင်ဖို့ ပျား၊ ပိတုန်း၊ လိပ်ပြာ တို့ရဲ့ အကူအညီများစွာရရှိပြီးမှသာ သန္ဓေအောင်မြင်ဖို့ ရာနှုန်းများပါတယ်။ အဖိုပွင့် ၄ ပွင့် အရင်ပွင့်ပြီးမှ အမပွင့်တပွင့် ပွင့်လေ့ရှိကာ ဝတ်မှုန်ကူးချိန်ကာလ ၄-၆ နာရီသာ ကြာပါတယ်။ ဒါကြောင့် မနက်ခင်း ၆နာရီကနေ ၁၀ နာရီအတွင်း ပျားပိတုန်းအကူအညီနဲ့ သော်လည်း ကောင်း၊ လူအကူအညီဖြင့်သော်လည်းကောင်း ဝတ်မှုန်ကူးကြရပါတယ်။ မကူးနိုင်ရင် အမပွင့်က အလိုလို ညှိုးခြောက်ကြွေကျပါတယ်။ (လူအကူအညီနဲ့ ဝတ်မှုန်ကူးရင် စုတ်တံနုနုနဲ့ အဖိုပွင့်ဝတ်မှုန်ကို ယူပြီး အမဝတ်မှုံခံတိုင် ပေါ်တို့ ပေးရပါတယ်။) ၂။ နိုက်ထရိုဂျင်မြေသြဇာ များလွန်းခြင်း Excessive nitrogen မြေကြီးထဲမှာ၊ သဘာဝ မြေဆွေးလည်း ကျွေးထားတယ်။ ၁၅ ပတ်လည်လည်းခံတယ်။ ပုလဲသီးသန့်လည်း ကျွေးမယ်ဆိုရင် အပင်ကြီးထွားနှုန်းကောင်းပေမယ့် အပွင့်အသီးနှုန်း နည်းတတ်ပါတယ်။ ဒါကြောင့် အပွင့်ပွင့်စဥ်မှာ N:P:K ကို အလယ်ချိုးနဲ့ နောက်အချိုးများတဲ့ မြေသြဇာကိုပဲကျွေးသင့်ပါတယ်။ ၃။ ပတ်ဝန်းကျင်အခြေအနေ ထိခိုက်မှု (Enviromental stresses) ဘယ်သီးနှံမဆို အပွင့်ပွင့်ချိန် မိုးမိခြင်း၊ အပင်ခြေ ရေဝပ်ခြင်း၊ အပူချိန် အရမ်းမြင့်မားခြင်းတွေကို မကြိုက်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝတ်မှုန်ကူးချိန်မှာလိုအပ်တဲ့ အစာချက်လုပ်မှု၊ ကာဘိုဟိုက်ဒြိတ် ရရှိမှုမလုံလောက်တော့လို့ပါ။ ( Green house ကဲ့သို့ ဖန်လုံအိမ် စိုက်ပျိုးရေးစနစ်နဲ့ အပူချိန်၊ စိုထိုင်းဆကို လိုသလို ထိန်း ချုပ်မှု အောက်မှာသာ အဆင်ပြေနိုင်မှာပါ) ၄။ အာဟာရဓာတ်ချို့တဲ့ခြင်း (Nutrient deficiency) ဘူး၊ ဖရုံအပါအဝင် သီးနှံအတော်များများမှာ အပွင့်အသီးဝင်ချိန် အာဟာရဓာတ်ချို့တဲ့တတ်ပါတယ်။ အထူးသဖြင့် ဘိုရွန်၊ ကယ်လစီယမ် ချို့တဲ့ပါတယ်။ ဘိုရွန်ချို့တဲ့ရင် အပွင့်လေးတွေ ခြောက်ကပ်နေပါတယ်။ ကယ်လစီယမ် ချို့တဲ့ရင် အသီးကင်းလေးတွေ ထိပ်ပုပ်၊ ဖင်မဲတတ်ပါတယ်။ ကယ်လစီယမ်ပါသောမြေသြဇာကို ကျွေးပေးပါ။ ကယ်လ်ဘိုမက်အားဆေးဖျန်းပေးပါ။ (ပန်းပွင့်များ ဝတ်မှုံကူးချိန်ကို ရှောင်ပါ။) ၅။ မှိုရောဂါကြောင့် အသီးကင်းပုပ်ခြင်း (Fungus disease)ပန်းပွင့်ချိန်မှာ ရာသီဥတုအုံ့မှိုင်းခြင်း၊ ဆီးနှင်းကျခြင်း၊ ဖြစ်စဥ်တွေ အချိန်ကြာကြာဖြစ်ခဲ့ရင်မှို ရောဂါဝင်ရောက်နိုင်ပါတယ်။ (Choanephora sp) သီးကင်းပုပ်မှိုရောဂါတမျိုးကြောင့် အသီးထိပ်မှာ မှိုစပိုး မည်းမည်း အမှုန်တွေ တွေ့ရပါတယ်။ လေထုစိုစွတ်မှုနဲ့အတူ ကူးစက်သလို မြေလျှောက်နွယ်ပင်တွေမှာမြေကြီးထဲကတဆင့်လည်း ကူးနိုင်ပါတယ်။ ဒီရောဂါကို ဓာတုဆေးတွေနဲ့ ကုသမှုက မထိရောက်နိုင်ပါဘူး။ (ဟိုက်ဒြိုဂျင်ပါအောက်ဆိုက် ၃% ကို ရေတဂါလံ ၁၀ စီစီ နှုန်းဖျန်းပေးနိုင်ပါတယ်။ အပင်ခြေကိုလည်းဖျန်းပေးရင် ပိုးမွှားရောဂါကာကွယ်စေတယ်လို့ ဆိုပါတယ်။) ၆။ သီးထိုးယင်ကြောင့် အသီးပုပ်ခြင်း (Fruit fly ) ဝတ်မှုန်ကူးပြီးစ အသီးကင်းလေးတွေကို သီးထိုးယင်တွေ ဖျက်ဆီးရင်လည်း လောက်ကောင်တဖွားဖွားနဲ့ အသီးပုပ်တတ်ပါတယ်။ သီးထိုးယင်ကို ကာကွယ်ဖို့ (pheromone trap) လိင်ဆွဲဆောင် ဟိုမုန်းထောင်ခြောက် ထားရှိခြင်းဖြင့် ပိုးအကောင်ဦးရေလျော့ချပြီး မိတ်လိုက်၊ မျိုးပွားမှုကို ဟန့်တားနိုင်ပါတယ်။ ဓာတုဆေးအစား သဘာဝပိုးသတ်ဆေးကို ပြုလုပ်သုံးစွဲသင့်ပါတယ်။ (တမာရွက် လက်တဆုပ်၊ ကြက်သွန်ဖြူ ၅ မွှာ၊ ငရုတ်သီးစိမ်း ၅ တောင့်တို့ကို နုပ်နုပ်စင်းပါ။ရေ ၂၅၀ စီစီရောပြီး Blender (ကြိတ်စက်) နဲ့ မွှေပါ။ ရလာတဲ့ပျော်ရည် ၅၀ စီစီကို ရေတဂါလံနှုန်းရောပြီး ဖျန်းပေးနိုင်ပါတယ်။)

You

ဆက်စပ်မေးခွန်းများ

ကျွန်တော်တစ်ခုလောက်မေးချင်လို့ခင်ဗျ အရွယ်ရောက်ပြီးသား ဘူးပင်တွေကို ကိုင်းကူးတဲ့ ပုံစံ မျိုးပြုလုပ် မဖြတ်တောက်...

ဖြေကြားချက် 2 ခု

ကျွန်တော်ဘူးပင်က အသီးမသိသေးလို့ ဘူးပင်ကအဖိုပင်ဆိုတာရှိလား အဖိုးပင်ရှိရင်ကော်အသီးသီးအောင် အသီးတင်အောင်ဘာတွေလုပ်...

ဖြေကြားချက် 7 ခု

ရေားဂါဆိုးနေပါတယ်ဘယ်လိုလုပ် သင့်လဲးဖြေကြားပေးပါအုန်း ဆရာ

ဖြေကြားချက် 4 ခု

ထွိုင်ဂိုဒါးမားကို ဘိုကာချီမြေဆွေးထဲးရေားပြီး ခြေရင်းပတ်လို့ရလား ဆေးတစ်ထုပ်နဲ့မလောက်လို့ပါ

ဖြေကြားချက် 2 ခု

မိခင် ပင်စီမှာ အသီး သီးနေပါပြီး ခေါင်ညွန့်ဖြတ် ပေးပို့လိုပြီးလာ ခင်ဗျာ ဘယ်နှစ်လုံး ပေးသီးလို့ရပါသလည်း ခင်ဗျာ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။