အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,469
လွန်ခဲ့သော ၃ နှစ် က · ကျောင်းကုန်း

ကျွန်တော်မသိတာလေးရှိလို့မေးခွင့်ပြုပါနော်ပဲတီစိမ်းမတ်ပဲအခင်းတွေမှာ၁ဧကကိုဆေး၆ပုံနှုန်းဖျန်းရမယ်လို့သိတားပါတယ်...

ကျွန်တော်မသိတာလေးရှိလို့မေးခွင့်ပြုပါနော်ပဲတီစိမ်းမတ်ပဲအခင်းတွေမှာ၁ဧကကိုဆေး၆ပုံနှုန်းဖျန်းရမယ်လို့သိတားပါတယ်ခင်ဗျာအပင်ငယ်စဉ်မှာရောအပင်ပွင့်သီးချိန်မှာပါ၁ဧကဆေးပုံး၆ပုံနှုန်းအတူတူပဲလားဆိုတာသိချင်လို့ပါခင်ဗျာ

ပိုးမွှားရောဂါ ပဲတီစိမ်း မတ်ပဲဆေးဖျန်းချိန်
4

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

ပုံသေသတ်မှတ်၍ မရပါ ဆေးဖြန်းပုံးတစ်ပုံးတွင် ထည့်သွင်းရမည့် ဆေးနှုန်း၊ ဆေးဖြန်းခေါင်းအမျိုးအစား၊ နှံစပ်အောင် ဖြန်းလျင် ကုန်မည့်ဆေးပုံးအရေအတွက်တို့မှာ ကွာခြားမှု ရှိနေပါသည်။

9,469 လွန်ခဲ့သော ၃ နှစ် က

ဟုတ်နားလည်ပါပြဖီကျေးဇူးပါ

1,919 လွန်ခဲ့သော ၃ နှစ် က

တစ်ဧကစာဆေးဝယ်ပြီးရင် ၅ ပုံးဖျန်းလဲရတယ် ၆ ပုံးဖျန်းလဲရတယ် အနည်းဆုံး ၄ပုံးဖျန်းလဲရပါတယ်။အပင်ငယ်စဉ်မှာ ၄ ပုံးဖျန်းတဲ့အခါပိုးသတ်ဆေးပြင်းရင်ဆေးလောင်တက်ပါတယ်။၅ပုံး ၆ပုံး ဖျန်းနိုင်ပါတယ်။အပင်အလတ်မှာ၄ပုံး ၅ပုံးဖျန်းနိုင်ပါတယ်။အပင်ကြီးတဲ့အခါ ပဲပင်ပေါ်မူတည်ပြီးတော့ဖျန်းနိုင်ပါတယ်။ဥပမာအပင်ပိတ်တာတို့ကြတော့ဆေးနှံ့အောင် ၆ပုံးလောက်ဖျန်းရပါတယ်။အပင်ကအသင့်အတင့်ဆိုရင်တော့ ၅ ပုံးလောက်ဖျန်းရပါတယ်။၄ပုံးဆိုရင်တော့နည်းတာပေါ့နော့ သူကပွင့်ထွေးနဲ့ သီးလုံးဖောက်ဝင်တက်တာမို့ဆေးနှံ့စပ်ဖို့လိုအပ်လာ​ပြီလေ။ချိန်ဆပြီးဖျန်းနိုင်ပါစေ။

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၃ နှစ် က

မတူပါဘူး..ပုံ​သေတွက်လို့မရပါဘူး။ ​ဆေးထူပ်မှာလဲ..၁ဧက အသုံးပြုရမယ့် နုန်းထားမှာ ​တွေ့ရပါလိမ့်မယ်။ ၁ဧက=၃၀၀-၅၀၀ စီစီ.. စသဖြင့် အနိမ့်-အမြင့် ၂မျိုး​ပေးထားပါတယ်။

You

ဆက်စပ်မေးခွန်းများ

ကျွန်တော်မတ်ပဲအခင်းထဲမှာပင်သေတွေရှိနေပါတယ်ဒီထက်ပိုမဆိုးလာအောင်ဘယ်လိုကာကွယ်ကုသရမလဲဆိုတာအကြုံပေးပါအုံးဆရာနှစ်...

ဖြေကြားချက် 2 ခု

ပဲတီစိမ်းနှင့်မတ်ပဲအခင်းတွေမှာပထမဦးဆုံးဘာဆေးဖျန်းသင့်ပါသလဲခင်ဗျာမှုသတ်ဆေးလားပိုးသတ်ဆေးလားအားဆေးလားဆိုတာရှင်ပြ...

ဖြေကြားချက် 4 ခု

မတ်ပဲကို ဆေးဖျန်းတာ မနက်ခင်း ကောင်းလား ညနေ ကောင်းလားခင်ဗျာ မနက်ပိုင်းက နှင်းတွေကျတော့ ဆေးအာနိသင် မထိရောက်မှာ...

ဖြေကြားချက် 2 ခု

မတ်ပဲ အပင်ငယ် စပြီးဆေးဖျန်းတော့မယ်ဆိုပါက ဘယ်လိုဆေးအမျိုးအစားများကိုဖျန်းသင့်တယ် ဘယ်လိုဆေးအမျိုးအစားများကိုတော့...

ဖြေကြားချက် 1 ခု

ဆေးရွက်ကြီးကိုရေစိမ်ပြီးဖျန်းရင်လှေးယင်ဖြူတွက်အဆင်ပြေနိုင်မလား မတ်ပဲတွေအသီးပွင့်တွေရောထိခိုက်နိုင်လားဆရာတို့ရေ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။