အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Thet Paing Oo
Thet Paing Oo 3,692
လွန်ခဲ့သော ၃ နှစ် က · ထန်းတပင်

ကျွန်တော် ဒီမနက်ဆေးဖြန်း လိုက်တာ အပင်တွေ ဒီလိုဖြစ်သွားလို့ပါခင်ဗျ you tube ထဲက ကြည့်ပီး ပိုးသတ်ဆေးကို စမ်းသုံးကြည့်တာ မှာ ဖြစ်သွားတာပါဗျ ဘာများမှားသွား တာလဲ ၊ ဘယ်လိုပြန်လုပ်ရင်ရမလဲ တစ်ချက်လောက်ဖြေပေးပါဗျ ရောစပ်တဲ့ဆေးက Baking Soda (လက်ဖက်ရည်ဇွန်း ၄ ဇွန်း) + ရေချိုးဆပ်ပြာရည် 2 ဇွန်း + ရိုးရိုးစားဆီ လက်ဖက်ရည်ဇွန်း 2 ဇွန်း + ရေ 2 liter ရောစပ်အသုံးပြုခဲ့တာပါဗျ ဖျန်းချိန်က ဒီမနက်မှ စပီးဖြန့်ကြည့်တာပါ

ပိုးမွှားရောဂါ ရုံးပတီ
Post image
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,563 လွန်ခဲ့သော ၃ နှစ် က

Youtube, Facebook တို့မှ နည်းလမ်းများအား အမှန်ယူပြီး မလုပ်ဆောင်သင့်ပါဘူး။ ထိုသို့တင်သူတိုင်းကိုလည်း ပညာရှင်လို့ သတ်မှတ်၍မရပါဘူး။ ဒါကြောင့် နားလည်တတ်ကျွမ်းသော ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ လုပ်ဆောင်သင့်ပါတယ်။

Thet Paing Oo
Thet Paing Oo 3,692 လွန်ခဲ့သော ၃ နှစ် က

ဟုတျကဲ့

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,122,689 လွန်ခဲ့သော ၃ နှစ် က

baking sodaကို ဖားဥမှို​ရောဂါအတွက်သုံးတာ မှန်ပါတယ်။ ဆီကို ထည့်​​ပေးနိုင်ပါတယ်။ ဒါ​ပေမယ့် ​ရေချိုးဆပ်ပြာ ထည့်လ်ိုက်ရင် အပင်​လောင်နိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါက အငံဓါတ်နဲ့ ဆပ်ပြာက အက်ဆစ်ဓါ်တ် မတည့်မှု​ကြောင့်လို့ယူဆပါတယ်။ ​နောက်ပြီး အဖျန်းခံတဲ့အပင် က အရမ်းနုနယ်​တော့ပ်ိုဆိုးပါတယ်။ ပြန်ပြင်ဖို့ ခက်တဲ့အမှားပါ။ ဒီအတိုင်းဘဲ ​ရေ​လေးဖျန်းပြီး ​စောင့်ကြည့်ရုံပါဘဲ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ရုံးပတီပင်ပင်က ပိန်ရှည်ဖြစ်လာပြီးတော့ အသီးလည်းသိပ်မသီးဘူးဖြစ်နေပါတယ်ခင်ဗျာ ဘယ်လိုလုပ်ရပါမလဲ

ဖြေကြားချက် 3 ခု

မိုးအရမ်းရွာတော့ ရိုးပတီပင်လေးတေ ခါးရိပီး အသေအပျောက်များနေလို့ ဘယ်လို လုပ်ရမလဲ ကူညီပါ ဆရာများ

ဖြေကြားချက် 1 ခု

ဂလိုင်ဖောက် အမြစ်ဆွေးပေါင်းသတ်ဆေးကို စိုက်ဘောင်များပေါ်ဖျန်းပီး ဘယ်နရက်ကြာမှ စိုက်ပျိုးသင့်ပါသလဲ ဥပမာ-ကြက်ဟင်း...

ဖြေကြားချက် 5 ခု

ရုံပတီသီးတွေကို ဘယ်နေရာတွေမှာ စိုက်ကြလဲဗျ

ဖြေကြားချက် 2 ခု

ရုံပတီပင်စိုက်ခါစက အရွက်တွေပုံမှန်ပြီး နောက်တဖြည်းဖြည်း ပုံပါအတိုင်းဖြစ်လာပါတယ်။ရောဂါလား။ပိုးလားခင်ဗျာ။မည်သို့...

ဖြေကြားချက် 4 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။