ဖြေကြားချက် ၃ ခု
ဥဥရန်မှာ မြေထွန်ယက်စဉ် အောက်လင်းရန် လိုအပ်ပါတယ်။ ထယ်ထိုးခြင်း၊ ထွန်မောင်းခြင်း အားထပ်ခါထပ်ခါ ပြုလုပ်ပါက မြေမာပြီး ထိုင်သွားတတ်၍ သံလုံးချွန်၊ ဒါးသွားအနှောင့်၊ ကန်လန့်ဖြင့် မြေလှန်ရန်လိုပါမည် မြေပဲဥရန် မြေခံနှင့် ကြားပေါင်းလိုက်ချိန် ဂျစ်ပဆန်ထည့်သွင်းခြင်းဖြင့် အစေ့အဆန်အောင်သော မြေပဲကို ရရှိပြီး အထွက်တိုးပါလိမ့်မည်။
ကျေးဇူးပါခဗျ
ကျွန်းနုမြေတွေဆိုရင်တော့ ဆောင်းမြေပဲအတွက်အဆင်ပြေမှာပါ။ ကုန်းမြေပဲအတွက် အဆင်မပြေနိုင်ပါ။ မြေနုကျွန်းပေါ်၊သဲနုန်းမြေအတွက် မြေပဲမြေခံ သဘာဝမြေဆွေးနဲ့ ကျောက်မှုန့် ရောပြီး ခံထားပေးပါ။ မျိုးစေ့ကို အင်ဒေါင်း မျိုးလူးဆေး လူးစိုက်ပါ။(မြေအောင်းပိုး/အမြစ်ပုပ်/ဥပုပ်ကာကွယ်ရန်) မျိုးစေ့ကို မြေကြီး ထဲနက်နက် စိူက်ခြင်းမပြုပါနဲ့။ ၁၅လက္မ×၄လက္မခန့် အတန်းစ်ိုက်ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကျောက်မှုန့်(ဂျစ်ပဆန်)ကို မြေပဲ မြေပြင်ချိန်မှာထည့်လို့ရလား
ဖြေကြားချက် 5 ခု
မြေပဲစိုက်ရန် လူးနယ်ဆေး ဆိုတာမသိလို့ပါ မျှဝေပေးပါခင်ဗိာ ဆရာတို့
ဖြေကြားချက် 5 ခု
မြေခံ ဘေဓာတ်မြေသြဇာသုံးလို့အဆင်ပြေလဲဗျ
ဖြေကြားချက် 2 ခု
မြေပဲကိုခုနှစ်စိုက်ထားတဲ့နေရာမှာနောက်နှစ်ပြန်စိုက်လို့ရလားဗျ...ပြန်စိုက်မယ်ဆိုရင်မြေကိုဘယ်လိုပြုပြင်ပြီးတော့...
ဖြေကြားချက် 2 ခု
အစိမ်းရောင်လမ်းမှ ဆရာဒို့ဦးလေးခင်ဗျ။မြေပဲစိုက်မှာပါခင်ဗျ။ဆရာရဲ့မျိုးစေ့လူးနယ်ဆေးအကြောင်းဖတ်လိုက်ရတယ်ခင်ဗျ။မြေ...
ဖြေကြားချက် 4 ခု