အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,333
လွန်ခဲ့သော ၃ နှစ် က · အောင်လံ

အပင်က၂၄သားရှိပါပြီ ဘာဆေးအသုံးပြုရင် အဆင်ပြေမလဲဗျ

ပိုးမွှားရောဂါ ပဲတီစိမ်း ရွက်ဖြန်းမြေသြဇာများ
Post image

ဖြေကြားချက် ၆ ခု

2,333 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ ကျေးဇူးပါ ဆရာရေ..

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

အဲလိုတော့ မရေးထားပါဘူး ပိုးမွှားကျရောက်မှုဆိုးဝါးတာ၊ ရောဂါကျရောက်မှု ဆိုးဝါးတာတွေမှာ ပိုးသတ်ဆေး၊ မှိုသတ်ဆေး သီးသန့်ဖြန်းတာက ပိုထိရောက်လို့ပါ အချို့အခြေအနေတွေမှာ(ပိုးကျရောက်မှု နည်းလျင်) အားဆေးနဲ့ ရောစပ်သုံး၍ ရပါတယ်

2,333 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ မသိလို့ မေးပါရစေ ဆရာ ပိုးကျချိန် အားဆေးမဖြန်းရလို့ အားဆေးထုပ်တွေမှာ ရေးထားတာတွေ့လို့ .. ပိုးကျချိန် ပိုးသတ်ဆေးနဲ့ အားဆေးရောစပ်၍ဖြန်းလို့ အဆင်ပြေပါ့မလား ဆရာ

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

ပိုးမွားရောဂါ ကျရောက်မှုမရှိလျင် မဖြန်းစေလိုပါဘူး ကျရောက်မှုရှိမှသာ ကျရောက်သည့် ပိုးအပေါ်မူတည်ပြီး ဝယ်ယူသုံးစွဲပါ။ ဆေးဈေးနှုန်း မြင့်မားနေချိန် မလိုအပ်ဘဲ မသုံးစေလိုပါဘူး အကျိုးမရှိ၍ပါ။

2,333 လွန်ခဲ့သော ၃ နှစ် က

ယက်ခပိုးသတ်ဆေး ဖြန်းမလို့ဆရာ အဆင်ပြေပါ့မလား

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

လက်ရှိအနေအထားအရ ပိုးမွားရောဂါ ကင်းစင်နေပါသေးတယ်။ အပွင့်အသီးအတွက် P,K အချိုးများသော ရွက်ဖြန်းမြေဩဇာ အား ကျရောက်သော ပိုးမွှားအပေါ်မူတည်၍ ပိုးသတ်ဆေး ဖြင့် ရောစပ်ပက်ဖျန်းပါ။

You

ဆက်စပ်မေးခွန်းများ

အပင်အသက်ဘယ်‌ေလာက်ကစ ပီး ရွက်ဖျန်းဆေးကိုသုံးလို ့ရလဲ

ဖြေကြားချက် 2 ခု

နှမ်းကျဲပီး 3ရက်သားလေးပါဗျ ရွက်ဖျန်းဆေး ဘယ်နှစ်ရက်သားစဖျန်းလို့ကောင်းလဲ

ဖြေကြားချက် 2 ခု

မင်္ဂလာပါရှင့်ငှက်ပျောပင်နဲ့ပတ်သက်တဲ့ရွက်ဖျန်းမြေသြဇာပြုလုပ်နည်းသိချင်ပါတယ်ရှင့်ပြီးတော့ဆိတ်ချေးကိုရွက်ဖျန်း...

ဖြေကြားချက် 2 ခု

ကျွန်တော်ပဲတီစိမ်းအပင်လေးတွေခုပ်ဖုံးစနစ်နဲ့ကျဲပဲ့ထားတာအပင်လေးတွေသိပ်မထသေးလို့ပုံမှန်အခင်းတွေလိုကရှင်သန်ကြီး...

ဖြေကြားချက် 1 ခု

နောက်ကျတဲ့ပဲခင်းတီစိမ်းနှင့်မတ်ပဲအတွက်ရွက်ဖျန်းအားဆေးကိုဆေးပုံးတစ်ပုံးတွင်အားဆေးအရည်ကိုပိုထည့်လို့ရပါသလားဒါမှမ...

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။