ဖြေကြားချက် ၂ ခု
၂။ မာလကာသံချေးမှိုရောဂါ (Guava rust: Puccinia psidii) ရောဂါလက္ခဏာများ - သံချေးမှိုရောဂါသည် ရွက်ပိုင်းဆိုင်ရာများ၊ အညွန့်ငယ်များ၊ ပန်းခိုင်များနှင့် အသီးများကို တိုက်ခိုက်နိုင်သည်။ - အတွေ့ရများသော လက္ခဏာများတွင် ပုံပျက်သွားခြင်း၊ အရွက်ကြွေကျခြင်း၊ ကြီးထွားမှု တုံ့ဆိုင်းသွားခြင်းနှင့် ဆိုးဝါးပါက သေသွားတတ်သည်။ - အပြည့်အဝ ပြန့်ကားနေသောအရွက်များပေါ်တွင် အနက်ရောင်အနားသား၊ ကြမ်းတမ်းသော စက်ဝိုင်းပုံ အညိုရောင်ဒဏ်ရာများကို အဝါရောင် ရောင်ခြည်စက်ဝန်းနှင့်အတူ တွေ့ရသည်။ ကာကွယ်နှိမ်နင်းခြင်း - မာလကာ သံချေးမှိုရောဂါကို ကာကွယ်နှိမ်နင်းခြင်းသည် မှိုသတ်ဆေးအသုံးပြုမှုအပေါ် အခြေခံသည်။ - ရောဂါစကျချိန် သို့မဟုတ် ရောဂါကျရန် အခြေအနေပေးသော ပတ်ဝန်းကျင်မျိုးရှိသောနှစ်တွင် သင့်တော်သည့် မှိုသတ်ဆေးကို အချိန်ကိုက်သုံးစွဲပါ။ - မြေဩဇာကျွေးခြင်း၊ ရေသွင်းခြင်း၊ ကိုင်းဖြတ်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းကဲ့သို့သော သင့်တော်သည့် စိုက်ပျိုးနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းသည် မာလကာပင်ကို ကျန်းမာသန်စွမ်းစေကာ ရောဂါကျရောက်မှု နည်းစေသည်။ ၃။ ရေညှိရောင် ရွက်စက်ပျောက်ရောဂါ (Algal Leaf Spot: Cephaleuros virescens)
ဆက်စပ်မေးခွန်းများ
မာလကာသံချေးရောဂါနှိနင်းခြာင်း
ဖြေကြားချက် 1 ခု
မာလကာသံချေးရောဂါကိုဘယ်လိုနှိမ်နင်းရမလဲ
ဖြေကြားချက် 4 ခု
မာလာကာပင်စစိုက်ပျိုးရန်
ဖြေကြားချက် 1 ခု
မာလကာသီးကို လိပ်ပြာများထိုးပါတယ် ညအခါမှာ လိပ်ပြာထိုးပြီးရင်အတွင်းသားကကြာရင်ပုတ်သွားတက်ပါတယ် ဒါကိုဘယ်လိုကာကွယ်ရ...
ဖြေကြားချက် 4 ခု
ဘာရောဂါလဲဗျ
ဖြေကြားချက် 1 ခု