အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောင်ကိုလွင်
လွန်ခဲ့သော ၄ နှစ် က · လယ်ဝေး

မိုးစပါးကျဲပက် စိုက်ပျိုးဖို့အတွက် မျိုးအသစ်ကို အားလုံးအတွက်ဝယ်ကျဲဖို့ မတတ်နိုင်ပါဘူး နွေစပါးကျဲတဲ့အခါမှာ မျိုးအသစ် တစ်ဧကစာလောက်ဝယ် ကျဲပက်စိုက်ပျိုးထားပြီး မိုးအခါ မျိုးစပါးအဖြစ် ကျဲပက်စိုက်ပျိုးမယ်ဆိုရင်အဆင်ပြေပါ့မလား မျိုးနားရက်က ခန့်မှန်းချေ ၄၅ ရက်လောက်တော့နားရပါမယ်

စိုက်ပျိုးနည်း စပါး စပါးမျိုးများ

ဖြေကြားချက် ၅ ခု

အောင်ကိုလွင်
အောင်ကိုလွင် 1,476 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါဗျ

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၄ နှစ် က

နွေစပါးမှ ထွက်သည့် စပါးအား မိုးစပါးအတွက် အသုံးပြု၍ ရပါတယ်။ မျိုးသန့်အား မျိုးအတွက် စိုက်ထားပါက ရိတ်သိမ်းချိန် မျိုးအဖြစ် ရိတ်မည်ဆိုလျင် အခြားစပါးမျိုးများနှင့် နယ်နမိတ်ထိစပ်နေသော ၁၅ ပေခန့်အား ချန်လှပ်၍ အတွင်းမှ စပါးအား ရိတ်သိမ်းပြီး မျိုးအားယူသင့်ပါတယ်။ စပါးသည် ပင်တည်းဝတ်မှုန်ကူးသည်ဆိုသော်လည်း ၁၂ ပေအထိ မျိုးကူး နိူင်၍ပါ။

ဉီးနိုင်စိုး
ဉီးနိုင်စိုး 814 လွန်ခဲ့သော ၄ နှစ် က

ရနိုင်ပါတယ်ကိုယ်ပြန်စိုက်မည့်မျိုးစေ့ကတော့အစိုမှတ်13/14ရွိရမယ္မျိုးနာရက်ကတော့မတူညီကြပါဘူးတချို့ကောက်ကြီးဆိုရင်30/45ရက်ဆင်းသုခ. မနောသုခဆို15ရက်စသည်ဖြင့်တွက်ဆကျဲပက်သင့်ပါတယ်

အောင်ကိုလွင်
အောင်ကိုလွင် 1,476 လွန်ခဲ့သော ၄ နှစ် က

ဟုတ်တယ်ဗျ နားလည်အောင် မရေးနိုင်လို့ခွင့်လွတ်ပါဗျ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၄ နှစ် က

နွေစပါး က ရတဲ့မျိုးကို ၊မိုးစပါးပြန်အသုံးပြုလို့ရသလား?.. ဒီလို​မေးတာလား... နားလည်မှု လွဲ​နေသလား...​ဖြေ​ပေးကြပါဦး

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။