ဖြေကြားချက် ၃ ခု
မျိုး ဂျုံသီးနှံကို တောင်ပေါ်ဒေသနှင့် မြေပြန့်နှစ်မျိုးလုံးတွင် စိုက်ပျိုးလျက်ရှိရာ ဒေသအလိုက် သင့်တော်သောမျိုးကို ရွေးချယ်စိုက်ပျိုးနိုင်ရန် သုတေသနပြု ထုတ်ဝေထားသော မျိုးများကို ဖော်ပြလိုက်ပါသည်။ ➤ဇလုပ်ဖြူ (၁) အပင်အမြင့် ၉၀ မှ ၉၅ စင်တီမီတာရှိပြီး အသက် ၉၅ ရက်မှ ရက် ၁၀ဝ ဖြင့် ရိတ်သိမ်းနိုင်သည်။ တစ်နှံပါအစေ့ ၄၂ စေ့ရှိပြီး အစေ့အရောင်မှာ အဖြူရောင်ဖြစ်သည်။ နနွင်းရောဂါဒဏ် ခံနိုင်သည်။ မြေပြန့်ဒေသတွင် စိုက်ပျိုးသင့်သောမျိုး ဖြစ်ပါသည်။ ➤ဇလုပ်ဖြူ (၂) အသက် ၁၀၅ ရက် မှ ရက် ၁၁၀ ဖြင့် ရိတ်သိမ်းနိုင်သည်။ အပင်အမြင့် ၁၀ဝ စင်တီမီတာရှိပြီး တစ်နှံပါအစေ့ ၄၅ စေ့ရှိသည်။ အစေ့အရောင်မှာ ပယင်းဖြူရောင်ဖြစ်သည်။ နနွင်းရောဂါဒဏ် ခံနိုင်သည်။ မြေပြန့်ဒေသတွင် စိုက်ပျိုးသင့်သောမျိုး ဖြစ်ပါသည်။ ➤ဇလုပ်ဖြူ (၄) အပင်အမြင့် စင်တီမီတာ ၁၁၀ ရှိပြီးအသက် ၁၀၅ ရက်မှ ရက် ၁၁၀ ဖြင့် ရိတ်သိမ်းနိုင်သည်။ တစ်နှံပါအစေ့ ၅၄ စေ့ရှိပြီးအစေ့အရာင်မှာ အဖြူရောင်ဖြစ်သည်။နနွင်းရောဂါဒဏ်ခံနိုင်သည်။ မြေပြန့်ဒေသတွင် စိုက်ပျိုးသင့်သောမျိုး ဖြစ်ပါသည်။ ➤ရေဆင်းဂျုံ (၈) အသက် ၁၁၅ ရက်မှ ရက် ၁၂၀ ဖြစ်သည်။ အပင်အမြင့် ၈၀ မှ ၈၅ စင်တီမီတာရှိသည်။ တစ်နှံပါအစေ့ ၃၁ စေ့ ရှိပြီး အစေ့အရောင်မှာ ပယင်းဖျော့ရောင် ဖြစ်သည်။ဂျုံနနွင်းရောဂါဒဏ် ခံနိုင်ကာ ဂျုံမှုန့်အရည်အသွေးကောင်းမွန်သည်။ တောင်ပေါ်မြေပြန့်ဒေသအားလုံး စိုက်နိုင်သောမျိုး ဖြစ်ပါသည်။ ➤ရေဆင်းဂျုံ (၉) အပင်အမြင့် ၈၅ မှ ၉၀ စင်တီမီတာရှိသည်။ အသက် ၉၅ ရက်မှ ရက် ၁၀ဝ ဖြစ်သည်။ တစ်နှံပါအစေ့ ၅၂ စေ့ရှိပြီးအစေ့အရောင်မှာပယင်းဖျော့ရောင် ဖြစ်သည်။ တောင်ပေါ် မြေပြန့်ဒေသအားလုံး စိုက်နိုင်သောမျိုး ဖြစ်ပါသည်။ ဂျုံနနွင်းရောဂါဒဏ်ခံနိုင်သည်။ အစေ့ထုတ်ပြောင်းအပြီးနှင့် စပါးအပြီး သီးထပ်စိုက်ရန် အထူးသင့်တော်ပါသည်။ ➤ရေဆင်းဂျုံ (၁၀) အသက် ၁၀၅ ရက် မှ ရက် ၁၁၀ဖြစ်သည်။ အပင်အမြင့် ၉၀ မှ ၉၅ စင်တီမီတာရှိသည်။ တစ်နှံပါအစေ့ ၅၀ ရှိပြီး အစေ့အရောင်မှာပယင်းဖျော့ရောင်ဖြစ်သည်။ဂျုံနနွင်းရောဂါဒဏ် ခံနိုင်ကာ ရေငတ်ဒဏ်လည်း ခံနိုင်သည်။ တောင်ပေါ်၊ မြေပြန့်ဒေသအားလုံးစိုက်ပျိုးနိုင်သောမျိုးဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ရာသီဥတုတွင် အထူးသင့်လျော်ပါသည်။
ဆက်စပ်မေးခွန်းများ
ဘာကြောင့်မိုှတက်ရဒါလည်းဗျ နောက်ပြီးရေကတသ်နေ့ဘယ်နှစ်ကြိမ်ပေးရမလည်းဗျ ခုမှစစိုက်လို့စိုက်ပျိုးနည်းကိုသေခြာသိ...
ဖြေကြားချက် 6 ခု
နနွင်းရောဂါ
ဖြေကြားချက် 1 ခု
မျိ ုးစေ့ဝယ်ယူ ရသောနေရသောနေရာ
ဖြေကြားချက် 1 ခု
ဂျုံ ကိုဘယ်လိုအားဆေးမျိုးသုံးရမလဲခင်ဗျာ...
ဖြေကြားချက် 4 ခု
မိုးစပါးကြဲခင်းပြုလုပ်ပြီး ကြဲထားပါသည် အပင်ပွားများများရရှိအောင် ဘယ်လိုလုပ်ရမလဲဗျ
ဖြေကြားချက် 3 ခု