အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
16,337
လွန်ခဲ့သော ၄ နှစ် က · မြန်အောင်

မတ်ပဲ ၊ပဲတီစီမ်းတို့ကိုမီဖိုပြာကိုရေဖျော်ဖြန်းလို့ရလားခဗျာရရင်ဖျော်ပုံရယ်ထဲ့ရမည့်ပါမာနရယ်ဖြန်းရင်အပင်ကောင်းတာ...

မတ်ပဲ ၊ပဲတီစီမ်းတို့ကိုမီဖိုပြာကိုရေဖျော်ဖြန်းလို့ရလားခဗျာရရင်ဖျော်ပုံရယ်ထဲ့ရမည့်ပါမာနရယ်ဖြန်းရင်အပင်ကောင်းတာလားပိုးသေတာလားပိုးကဘာပိုးမျိုးကိုသေတာလည်သိပရစေ

စိုက်ပျိုးနည်း မတ်ပဲ ဆေး ရောစပ်ပက်ဖြန်းခြင်း
5

ဖြေကြားချက် ၅ ခု

580 လွန်ခဲ့သော ၄ နှစ် က

အဓိကအမယ်များကိုသိပါရစေ ဆရာရှင့်

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

မီးဖိုပြာအား ရေဖျော်ဖြန်းရုံဖြင့် ပိုးမွှားကို မကာကွယ်နိူင်ပါဘူး။ အခြား အဓိက အမယ်များထည့်သွင်းအသုံးပြုမှသာ အဆင်ပြေမှာပါ။

16,337 လွန်ခဲ့သော ၄ နှစ် က

စစ်ကျတဲ့အ‌ေရကဘယ်လောက်စီစီကိုရေဘယ်လောက်ရောပြီဖြန်းရလည်ခဗျာ

16,337 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါ

193,301 လွန်ခဲ့သော ၄ နှစ် က

#နည်း(၁) စဖိုပြာ------------(၁)ခွက်{နို့ဆီဗူး} ထုံးမှုန့်-----------(၁)ခွက်{နို့ဆီဗူး} ရေ--------------(၈)ပုလင်း{၈လီတာ} စားဖိုပြာတစ်ခွက်၊ ထုံးမှုန့်တစ်ခွက်ကိုရေ(၈)လီတာတွင်ဖျော်စပ်ပါ။ ပြာမှုန့်များရေတွင်လုံးဝပျော်ဆင်းသွားသည်အထိ မွှေ၍သမပေးပါ။ ထုံးမှုန့်၊ပြာမှုန့်များကျေပျက်သည်အထိမွှေပြီးနောက် နာရီအနည်းငယ်ကြာထားပါ။ ထို့နောက် ပိတ်စိမ်းပါးဖြင့်စစ်ချ၍ အသုံးပြုနိုင်ပြီဖြစ်သည်။ လောက်ကောင်များ၊ကျိုင်းကောင်များကိုကာကွယ်နိုင်သည်။ #နည်း(၂) စဖိုပြာ-------(၆၀)ကျပ်သား/(၁)ကီလိုဂရမ် ရေနံဆီ----(၆)ဇွန်း-လက်ဖက်ရည်ဇွန်း/(၃၀)စီစီ စားဖိုပြာ(၆၀)ကျပ်သားကိုရေနံဆီ(၆)ဇွန်းဖြင့်ရောမွှေ၍သမအောင်လုပ်ပေးပါ။ ပြာမှုန့်များအားလုံးရေနံဆီများစိမ့်ဝင်နိုင်ရန် ကောင်းကောင်းမွှေနောက်ချေမွပေးရပါသည်။ သီးနှံပင်များပေါ်တွင်ပက်ဖြူးပေးခြင်းဖြင့် စုပ်စားပိုးများကိုကာကွယ်နိုင်သည်။ ဤစနစ်သည်သီးနှံပင်ပေါ်များတွင် ကြာရှည်မတည်ရှိနိုင်သဖြင့်တစ်ပတ်နှစ်ကြိမ်ခန့် ပက်ဖြူးသင့်သည်။စုပ်စားပိုးများကို ကြိုတင်ကာကွယ်မှုအနေဖြင့်အသုံးပြုခြင်းဖြစ်သည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။