အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
လွန်ခဲ့သော ၄ နှစ် က · လယ်ဝေး

နှမ်းအ၀ယ်လိုက်တဲ့အခါ အက်ဆစ်ဓါတ်ပါတယ်ဆိုပီး ၀ယ်သူက သိပ်မကြိုက်တာမျိုးတွေ တွေ့နေရလို့ ဘယ်လိုကြောင့် အက်ဆစ်ဓါတ်ပါ...

နှမ်းအ၀ယ်လိုက်တဲ့အခါ အက်ဆစ်ဓါတ်ပါတယ်ဆိုပီး ၀ယ်သူက သိပ်မကြိုက်တာမျိုးတွေ တွေ့နေရလို့ ဘယ်လိုကြောင့် အက်ဆစ်ဓါတ်ပါရတာလဲဆိုတာ သိတဲ့တောင်သူမိတ်ဆွေများ ရှင့်ပြပေးပါအုံးရှင့်

တန်ဘိုးမြှင့်ထုတ်ကုန် နှမ်း နှမ်းမြေသြဇာကျွေးနည်း

ဖြေကြားချက် ၂ ခု

581 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဖက်တီးအက်ဆစ်ဓာတ် များလို့ထင်ပါတယ်ဗျ။ နှမ်းကို စုပုံထားပြီးမှ ယူရင် နှမ်းဟာပုပ်အောက်တာ များပါတယ်။ပုပ်အောက်တာများရင် ဖက်တီးအက်ဆစ်ဓာတ်ထွက်တာများပါတယ်ဗျ။ပြည်ပနိုင်ငံတွေကတော့ ဖက်တီးအက်ဆစ်ဓာတ် 2%ထက်ကျော်ရင် မဝယ်ဘူးလို့တော့ကြားတယ်ဗျ။ အကောင်းဆုံးကတော့ နှမ်းကို ရိတ်၊စည်း၊ထောင် ဓလေ့နဲ့ သိမ်းရင် ဖက်တီးအက်ဆစ်ဓာတ်လျော့ကျပြီး ဈေးပိုရနိုင်ပါတယ်ဗျ။

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ကျွန်​တော်တို့ အညာဖက်မှာ​တော့ အက်ဆစ်ပါလို့ မဝယ်တာ​တွေ မကြားမိ​သေးပါဘူး။ အက်ဆစ်ဆိုတာလည်း အမိုင်နိုအက်ဆစ်လား၊ဖက်တီးအက်ဆစ်လား၊ သို့မဟုတ် ဆာလဖျုရစ်အက်ဆစ်လား၊ နိုက်ထရစ်အက်ဆစ်လား..စသဖြင့်များစွာရှိပါတယ်။ အက်ဆစ်ပါတယ်ဆိုပြီး ​​ယေဘုယျ ​ပြောလို့ သဘာဝမကျပါဘူးဗျ။ ကြားသိရသ​လောက်​တော့..ဥ​ရောပ အဖွဲဝင်နိုင်ငံ​တွေမှာ...နှမ်း​စေ့ထဲမှာ Ethyline oxide(EO)​တွေ့ရလိူ့ ဝယ်ယူ​ရေး တားမြစ်တယ်လို့ သိရပါတယ်။ (မြန်မာနိူင်ငံမှာ​တော့ မကြားမိ​သေးပါ။)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။