အသေးစားမွေးမြူရေးသမားများအတွက် အစာဖော်မြူလာ တွက်ချက်နည်း သင်တန်း အသေးစား မွေးမြူရေး လုပ်ငန်းများအနေဖြင့် မိမိ...
အသေးစားမွေးမြူရေးသမားများအတွက် အစာဖော်မြူလာ တွက်ချက်နည်း သင်တန်း အသေးစား မွေးမြူရေး လုပ်ငန်းများအနေဖြင့် မိမိတို့ မွေးမြူထားသော တိရစ္ဆာန်များအား အာဟာရပြည့်ဝသော အစာများကို ကုန်ကျစရိတ် သက်သာစွာ ကျွေးမွေးနိုင်ရန် လိုအပ်ပါသည်။ ဒေသထွက်အစာကုန်ကြမ်းများကို အသုံးပြု၍ တိရစ္ဆာန်၏ အာဟာရလိုအပ်ချက်နှင့် ကိုက်ညီသော တိရစ္ဆာန်အစာများကို ကိုယ်တိုင် ဖော်မြူလာတွက်ချက်ကာ ရောစပ်ကျွေးမွေးလိုသည့် တနိုင်တပိုင်နှင့် အသေးစားမွေးမြူရေးသမားများအတွက် အစာဖော်မြူလာကို တွက်ချက်နည်း သင်တန်း (လက်တွက်၊ Microsoft Excel) များကို LivestockInfo က ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ သင်တန်းတွင် အောက်ပါ အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးပေးမည် ဖြစ်ပါသည် - (၁) အာဟာရဗေဒ (၂) အစာကုန်ကြမ်းများရဲ့ အာဟာရတန်ဖိုး (၃) တိရစ္ဆာန်များအတွက် အာဟာရလိုအပ်ချက် (၄) အစာဖော်မြူလာတွက်ချက်ပုံ သင်တန်းတက်ရောက်လိုသူ တနိုင်တပိုင်နှင့် အသေးစား မွေးမြူသူများ အနေဖြင့်အုပ်စုလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ Viber 09975335206 နှင့် [email protected] သို့ ဆက်သွယ်စုံစမ်း နိုင်ပါသည်။