ဆရာ အဆင်ပြေမဲ့ဆေးလေး ညွှန်ပြပေးပါအုံး
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၄၅ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အသီး အပွင့်
- ရာသီဥတု (တစ်ပတ်အတွင်း)
- အသင့်တင့် နေသာ
ပဲပွင့်လေးတွေကို သေချာကြည့်ပါ လှေးရှိသလား ပွင့်ထွေးပိုးရှိသလား..ကြည့်ပါ။ ဘာမှမရှိရင်..အက်ဆီဖိတ် သိူ့မဟုတ် အဆက်ကို ဖျန်းပါ လှေးရှိရင် သိုင်ယာမိသိုဇင်(တင်းဒါး၊ စက်ကင်းရှယ်..)တမျိုးမျိုးဖျန်းပါ။ ပွင့်ထွေးပိုးရှိရင် ပရီဗာသွန်၊ အမဲနက်၊ အလန်း တမျိုးမျိုးဖျန်းပါ။ လှေးရော၊ပွင့်ထွေးရော၊ငမြောင်တောင်ရော ကျနေရင် အီသာပလပ်စ်ဖျန်းပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပွင့်ထွေးပိုးကျနေလို့ ဘာဆေးဖျန်းရင်ကောင်းမလဲဗျာ့
ဖြေကြားချက် 2 ခု
ပဲတီစိမ်း ပွင့်ထွေးပိုး မဝင်ရောက်နိုင်အောင် ကာကွယ် နိုမ်နင်း ပြုစုနည်းလေး အလင်းပြပေး ကြပါဦး ဆရာသမားအပေါင်းတို။...
ဖြေကြားချက် 4 ခု
ပဲတီစိမ်းပန်းစပွင့်ချိန်းကနေရိပ်သိမ်းချိန်အထိပွင့်ထွေးပိုးသတ်ဆေးဘယ်နဲ့ကြိမ်းဖျန်းရင်ပိုးကင်နိုင်တာလဲ
ဖြေကြားချက် 1 ခု
ပဲတီခင်းမှာ ပွင့်ထွေးပိုးနဲ့ သီးလုံးဖောက်ပိုးတွေကို ဘာဆေးနဲ့ကာကွယ်ရမလဲ
ဖြေကြားချက် 2 ခု
ပွင့်ထွေး ပိုးနှိမ်နင်းဖို့ ဆေးနဲ့ဘယ်အချိန် ဘယ်လိုဖျန်းသင့်လဲ အကြံပေးပါဦးဆရာ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။