ဖြေကြားချက် ၂ ခု
၁။ မိမိထွက်ကုန်အတွက် ဈေးကွက်အား အရင်လေ့လာပါ ၂။ ထွက်ကုန် ဈေးအကောင်း ဆုံးအချိန် ဖြစ်သည့် နွေရာသီ အသီးရအောင်ဖမ်းပါ၊ မိုးရာသီ အပွင့်အား မသီးအောင် ပိုးသတ်ဆေးဖြင့်ခြွေပါ၊ အပင်အားမြေဩဇာ မိုးရာသီ မကြွေးပါနှင့် ၃။ အပင်အား စက်တင်ဘာ လလယ်ခန့်မှ စ၍ပြုစုပြီးအပွင့်ယူပါက ဖေဖော်ဝါရီလတွင် အသီးရပါမည် ၄။ မိုးရာသီ အသီးဈေးသည် ပဲခူးတိုင်းဒေသကြီး မင်းလှမြို့တွင် ၃ တင်ဝင်အိတ် ထိပ်အုပ်ချုပ်ပင်လျင် ၃၀၀၀- ၅၀၀၀ ကျပ်ခန့်သာရှိနေပါသည်။
စျေးကွက်လိူအပ်ချက် ရှိမရှိ၊ အနီးပို့၊အဝေးပို့ လမ်းကြောင်း ၊ သွင်းအားစုကုန်ကျစရိတ် နဲ့ လက်ရှိပေါက်စျေးနဲ့ ကိုက်မကိုက်။ ပြီးတော့..စျေးကွက်မကိုက်လို့ ပစ္စည်းပုံနေရင်.. ကုန်ချောအဖြစ် ဘာလုပ်ရင်ရနိုင်မလဲ.. ကြိုတင်စဥ်းစားထားသင့်ပါတယ်။
ဆက်စပ်မေးခွန်းများ