အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၄ နှစ် က · မအူပင်

အပင်တေကို ကိုင်းကူးတဲ့ခါ ဆေးပါပါသလား ဘယ်ချိန်တေမှာကူးသင့်သလဲ ရှောက်ချို ပင်ကို ကူးလို့ရပါသလား

စိုက်ပျိုးနည်း မာလကာ

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

ကိုင်းကူးတာနှင့် မြေထုတ်စည်းတာကို ကွဲပြားစွာ သိနားလည်ရန်လိုအပ်ပါတယ်။ ကိုင်းကူးတယ်ဆိုတာ အောက်ခံပင်နှင့် ကိုင်းကူးဆက်ခြင်းဖြစ်ပါတယ်။ မိတ်ဆွေ ပြောတဲ့ ရှောက်ချိုပင် ကို ကူးတယ်ဆိုတာက မြေထုတ်စည်းတာကို ပြောခြင်းလို့ ယူဆမိ၍ မြေထုတ်စည်းခြင်းကို ဖြေရလျင် မြေထုတ်မှာ မြေအစိုဓာတ် ရနေအောင် ဆောင်ရွက်ပေးနိူင်လျင် အလွန်အေးသောရာသီမှအပ လုပ်ဆောင်နိူင်ပါတယ်။ မြေထုတ်စည်းလျင် လွစာမှုန့်၊ အုံးစံမှုန့်၊ စပ်မြေ တို့အား မြစ်ပွားဆွေး(Farti start, B1) ထည့်သွင်းအသုံးပြုပါက ပိုမို ကောင်းမွန်ပါတယ်လို့ အကြံပြုလိုပါတယ်

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၄ နှစ် က

အပင်​တွေကို ကိုင်းကူးတဲ့အခါ ​ဆေးပါစရာမလိုပါ။ သို့​သော်.. အသုံးပြုပစ္စည်းများကို​တော့ အရက်ပျံနဲ့ ပိုူသတ်ပြီး ကိုင်တွယ်တာ ပိုအဆင်​ပြေပါတယ်။ ​ရှောက်၊သံပုရာ ပင်လည်း ကိုင်းကူးနိုင်ပါတယ်။ အခုလို မိုးရာသီမှာ.. ​မြေထုပ်စည်း ကိုင်းကူးနည်းနဲ့ အဆင်​ပြေပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။