သင်္ဘောပင် အဖို၊ အမ ခွဲခြားနည်း အလင်းပေးကြပါအုံးနော
ပညာရှင်လို မသတ်မှတ်ဘဲ.. အရပ်သဘောခန့်မှန်းနည်းဆိုရင်.. အဖိုပင်က စပေါက်လာကတယ်က လည်တံရှည်တယ်။မပင်တက်လွယ်တယ်။ အမပင်က လည်တံတိုတယ်(ဂုတ်တိုတယ်) အပင်ပုသိုက်သိုက်၊ခပ်ဝဲဝဲ ပုံစံရှိတယ်။ -အဖိုပင်ပ ပင်စည်အောက်ခြေ ခပ်မျောမျော ပုံစံရှိတယ်။ အမပင်က အောက်ခြေ ခပ်တုတ်တုတ်နဲ့ ကျစ်လစ်တဲ့ပုံစံရှိတယ်။ အခုပုံမှာပြတာမျိုးဆိုရင်..အဖိုပင်ဖြစ်ဖို့များတယ်။
အမှန်ပြောရလျင် တိကျသော ခွဲခြားနည်း မရှိပါဘူး အချို့က အစေ့အရောင် အညိုနှင့် အမဲတွင် အမဲသည် အမစေ့။ အချို့က သင်္ဘောပင်အား အလယ်မှ ထက်ပိုင်းဖြတ်ပြီး အညှာရှိသည့် အပေါ်ပိုင်းသည် အမစေ့။ အချို့က ပျိုးထောင်စဉ် ပျိုးဘောင်အောက်တွင် သွပ်ပြားခံ၍ ပျိုးပြီး အမြစ်ရှည်ပြီး သွပ်နှင့် ထိ၍ သေသွားပင်သည် အဖို၊ ကျန်ပင်သည် အမ။ ဆိုကြပါတယ်။ သေချာ လေ့လာစိုက်ပျိုး ကြည့်တော့ မမှန်ကန်ပါဘူး။ အကောင်းဆုံးကတော့ ဈေးကွက်တွင် ရှိနေသော မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဝယ်ယူ စိုက်ပျိုးပါက အမ၊ လိမ်စုံ၊ တို့သာပါဝင်ပြီး အဖိုပင် မပါဝင်ပါဘူး ဆိုတာ ဖြေကြားအပ်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အရွက်တွေလိပ်ပြီး ပင်စည်နဲ့ အရွက်ရိုးတံတွေမှာလည်း မှိုလို့ယူဆရတဲ့ အဖြူရောင်အဖတ်တွေကပ်နေလို့ ဘယ် ဩဂဲနစ်ပိုးသတ်...
ဖြေကြားချက် 1 ခု
သင်္ဘောပင်အသီးမတင်လို့ အသီးသီအောင် ဘယ်လိုလုပ်ရလဲဗျ အပင်ကိုခုတ်ထစ်ပေးရလားခဗျာ
ဖြေကြားချက် 6 ခု
ဘာဆေးဖျန်းရမလဲကူညီကြပါအုံး
ဖြေကြားချက် 2 ခု
တင်လဲရည် ပြုလုပ်ရန် အသုံးပြုရမည့် ထန်းလျက် (သို့မဟုတ်) ကြံသကာ နဲ့ ရေ အချိုးအဆ လေးသိချင်လို့ပါ
ဖြေကြားချက် 2 ခု
သဘော်
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။