အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Myo Ko Ko
Myo Ko Ko 816
လွန်ခဲ့သော ၈ နှစ် က · စလင်း

ဝါ စိုက်ပျိုးနည်း အကြောင်း သိချင်ပါတယ်

စိုက်ပျိုးနည်း ဝါး
3

ဖြေကြားချက် ၃ ခု

aung aung
aung aung 696 လွန်ခဲ့သော ၇ နှစ် က

ဝါမျိူးစေ့နှစ်မျိုးပဲရှိပါတယ်ငွေချဉ်၆နဲ့ ၆၆၆ပါအထဲကတခုကိုရွေးပီးနှစ်တောင်ပတ်လည် ကိုတကျွင်းအစေ့ကို နှစ်စေ့မှ ၁၀စေ့အထိစိုက်ပျိူးနိုငိပါတယ် အပင်တစ်လကျော်ကျော်မှာကြားတိုက်ရပါမယ် ဒူးလောက်ထိကြားတိုက်လို့ရပါတယ် အဲထက်ကျော်သွားရင်ထယ်မောင်းရပါတယ် ပီးရင်တော့အဆင်ပြေပါပီ

ဇေအောင်ထွေး
ဇေအောင်ထွေး 44,928 လွန်ခဲ့သော ၈ နှစ် က

ဝါစိုက်ပျိုးမယ်ဆိုရင်တော့နံပါတ်၁အနေနဲ့တော့ဘယ်ဝါမျိုးစေ့မျိုးစိုက်မလဲဆိုတာရွေးခြယ်သင့်ပါတယ်။ဥပမာငွေချည်၆လား၆၆၆လား။ရွှေတောင်၈လားစသည်ဖြစ်ပေါ့။မျိုးမမှားဖို့တော့အရည်းကြီးပါတယ်။ဝါအတွက်ကတော့မြေအမျိုးအစားတော့အထူးတလည်တော့မလိုပါဘူး။သဲနုန်း။မြေနီသဲဝန်း။မြေဝါသဲဝန်းအဆင်ပြေပါတယ်။ထယ်ထိုးထွန်မွှေမယ်။မြေသြဇာထည့်မယ်။စိုက်ဖို့ချောင်းဆွဲမယ်။ပင်ကြားတန်းကြား၃ပေပတ်လည်ဒါမှမဟုပ်၄ပေပတ်လည်ထားလို့ရပါတယ်။တကျင်းကို၂စေ့၃စေ့စိုက်ကြပါတယ်။အချို့ဆို၇စေ့မှ၁၀စေ့ထိစိုက်ကြပါတယ်။မျိုးစေ့ထည့်ခြင်းဟာမိမိမျိုးပေါ်မူတည်ပါတယ်။အပင်ပေါက်ပြီး၂၀ရက်သားလောက်မှာအသန်မာဆုံး၂ပင်လောက်ပဲထားပေးပါ။ဝါမှာအဓိကကျရောက်တာတော့ဖြုတ်စိမ်းပါပဲ။ဖြုတ်စိမ်းအတွက်ကတော့ပိုးသတ်အေးကားတက်aiမိျိုးကိုထည့်ဖြန်းပေးပါ။ရွက်လိပ်ရွက်ကပ်သီးလုံးဖောက်လည်းကျရောက်တတ်ပါတယ်။စိုက်ပြီး၄လ၅လလောက်ဆိုဝါပေါက်များဆွတ်ယူနိုင်ပါတယ်ခင်ဗျာ။ဒါကတော့ဝါအတွက်အကျဉ်းလေးပါ။ဝါနဲ့ပတ်သက်ရင်တော့ပီးမှာတော့မဟုပ်ပါဘူး။

မေဇင်ထွန်း
မေဇင်ထွန်း အတည်ပြုပြီး 95,064 လွန်ခဲ့သော ၈ နှစ် က

စာအုပ်စင် ကဏ္ဍမှာ ဝါစိုက်ပျိုးနည်းစာအုပ်ရှိပါတယ်ရှင့်။ ဝင်ရောက်လေ့လာပေးပါနော်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။