အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးစည်သူထက်
လွန်ခဲ့သော ၄ နှစ် က · တောင်တွင်းကြီး

ကညွတ်ပျိုးပင် ဝယ်စိုက်ချင်ပါတယ်.... ဘယ်မှာ ရနိုင်မလဲခင်ဗျာ ပျိုးပင်စိုက်တဲ့အခါ ဘယ်လို ပြင်ဆင်ပြီး စိုက်ရမလဲဗျ ဘယ်လောက် အကွာအဝေးထားသင့်သလဲ... ကညွတ် အပင် ၁၀၀ စိုက်လျှင် အချိန် မည်မျှရသနည်း.... တစ်ခါခူးပြီးနောက် ထပ်ခူးရန် ရက်မည်မျှကြာအောင် စောင့်ရသနည်း.... အဆင်ပြေလျှင် အပင် ၂၀၀၀ နီးပါ စိုက်ချင်ပါတယ် ခင်ဗျာ.....

စိုက်ပျိုးနည်း ကညွတ်

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,619 လွန်ခဲ့သော ၄ နှစ် က

စိုက်ပျိုး​ရေးဦးစီးဌာနက နည်းစနစ်စာ​စောင်ကို ကူး​ဖြေလိုက်တာပါ။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,619 လွန်ခဲ့သော ၄ နှစ် က

မျိုး​စေ့ကို ​မြေပ​ဒေသာကျွန်း စိုက်​ဆေးဆိုင်မှာ ​မေးဝယ်ပါ။ စိုက်နည်းစနစ် စာအုပ်ပါ တပါတည်းဝယ်လို့ရပါတယ်ဗျ။ အခုမှ စစိုက်မှာဖြစ်လို့ ၊အစအဆုံး အ​သေးစိတ်​ဖော်ပြဖို့ခက်ပါတယ်။ (က)မျိုးစေ့ပျိုးထောင်ခြင်း ။ ။ အစေ့မှ ပျိုးထောင်ပါက တစ်နှစ်ခန့် ပျိုးထောင်ရသည်။ အစေ့မှ အပင်ပေါက်ရန် ၂ ပတ်မှ ၆ ပတ် ကြာတတ်သဖြင့် ၃ဝံ စင်တီဂရိတ်ရှိသော ရေတွင် ၃-၄ မိနစ်ခန့် အကြာစိမ်ပြီး စိုက်ခြင်းဖြင့် ၄-၅ ရက်အတွင်း အပင်ပေါက်နိုင်သည်။ ပျိုးခင်းဘောင်များကို ၂-၃ ပေခွာပြုလုပ်၍ ဘောင်များပေါ်တွင် မျိုးစေ့ကို ၃-၄ လက်မခြားခွာပြီး ပျိုးကြဲသင့်သည်။ (ခ) စိုက်ပျိုးခြင်း ။ ။ မြေဆွေးဩဇာဓာတ်များသည့်မြေကို ထွန်ယက်ပြုပြင်ပြီး အကျယ် ၃ ပေ ၊ အနက် ၁ ပေရှိ စိုက်မြောင်းများကို ၄ ပေ ခွာကာတူးဖော်၍ တစ်နှစ်ခန့် ရှိ ပျိုးပင်မှ အမြစ်အုံကို မနာစေဘဲ မိုးဦးကျအချိန်တွင် စိုက်ပျိုးရမည်။ (ဂ) ပြုစု ဂရုစိုက်ခြင်း။ ။ မြေဆွခြင်း၊ ပေါင်းသင်ခြင်းလုပ်ငန်းများကို မကြာမကြာ ပြုလုပ်ပေးရမည်။ ကညွတ်ရိုးကို ဖြူအောင်ပြုလုပ်ရာ၌ ဥတက်များပေါ်တွင် အညှောင့်များ မထွက်မီ ထယ်ထိုးပြီး မြေဖို့ထားရသည်။ (ဃ) ရိတ်သိမ်းခြင်း ။ ။ သက်နုကညွတ်ပင်များ ၂-၃ နှစ်သား အရွယ်တွင် ကညွတ်အစို့ကို ၂ ကြိမ် ၃ ကြိမ်ခန့်သာဖြတ်ယူသင့်သည်။ ၃နှစ်သား ကျော်လျှင်မူ တစ်နှစ်အတွင်း ၄-၅ ကြိမ်အထိ ဖြတ်ယူနိုင်သည်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။