အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးစည်သူထက်
လွန်ခဲ့သော ၄ နှစ် က · တောင်တွင်းကြီး

ပူစီနံပင်ကို မျိုးစေ့ဖြင့် စိုက်ချင်ပါတယ် မျိုးစေ့ကို မပျိုးတော့ပဲ မြေပေါ် ချစိုက်လို့ရပါသလား ခင်ဗျာ မျိုးစေ့စိုက်လျှင် ဘယ်လောက်ကွာပြီးစိုက်သင့်ပါသလဲ စီးပွားဖြစ် စိုက်ချင်တာ ဖြစ်သည့်အတွက် မျိုးစေ့စိုက်ချင်တာ ဖြစ်ပါတယ် ခင်ဗျာ....

စိုက်ပျိုးနည်း ပူစီနံ

ဖြေကြားချက် ၆ ခု

ဦးစည်သူထက်
ဦးစည်သူထက် 3,664 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ပါ ဆရာ နားလည်ပါပီဗျ...

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,594 လွန်ခဲ့သော ၄ နှစ် က

၄လက်မတန်းကြားက အပင်ဦး​ရေများများအရယူတဲ့သ​ဘောပါ။ ကိုင်းဖြာချင်ရင်​တော့ တန်းကြဲလို့ရပါ​သေးတယ်။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,594 လွန်ခဲ့သော ၄ နှစ် က

1/4လက်မအနက်စိုက်ဖို့​ပြောတာပါ။ မျိုး​စေ့ကို ​မြေကြီးထဲ အရမ်းနက်လွန်းရင် အပင်ငယ် အမြစ်ပုပ်တတ်လို့ (တိမ်တိမ် စိုက်ရန်)ကိုဆိုလိုတာပါ။

ဦးစည်သူထက်
ဦးစည်သူထက် 3,664 လွန်ခဲ့သော ၄ နှစ် က

ဆရာပြောတဲ့ တစ်လက်မ လေးပုံတစ်ပုံခန့် ချစိုက်ပါဆိုတာကို နားမလည်ဘူးဗျ

ဦးစည်သူထက်
ဦးစည်သူထက် 3,664 လွန်ခဲ့သော ၄ နှစ် က

ဒို့ဦးလေး ခင်ဗျာ အထက်ပါ နည်းက ပျိုးထောင်ချင်လား ခင်ဗျာ ပျိုးထောင်တာ မဟုတ်ဘူးဆို အရမ်း ကျပ်နေမလား ခင်ဗျာ.... ပျိုးမထောင်ပဲ ဒီတိုင်း စိုက်လိုက်မယ်ဆို အဆင်ပြေမလားဗျ ကောက်ရိုးတော့ အုပ်ပါမယ် ခင်ဗျာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,594 လွန်ခဲ့သော ၄ နှစ် က

မျိုး​စေ့​တွေကိုတ​စေ့ချင်းကွဲ​အောင်ပြုလုပ်ပြီး ၂၄နာရီ ​ရေစိမ်ပါ ​ရေစစ်ပြီး.. ပြုပြင်ထားတဲ့ စိုက်​ဘောင်​ပေါ်ကို တန်းကြာ၄လက်မခြား တ​စေ့ချင်းချစိုက်ပါ။ အ​စေ့ကို ၁လက်မ ​လေးပုံ၁ပုံခန့်ချစိုက်ပါ။ နွား​ချေးမှုန့်၊သဲမှုန့်ပါးပါးဖြူးပြီး ​ကောက်ရိုးပါးပါးအုပ်ပါ။ ည​နေတိုင်း ​ရေဖျန်း​ပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။