ဖြေကြားချက် ၅ ခု
ကာဗ်န်ရဲ့ အကျိုးကျေးဇူးတွေက - သီးနှံအထွက်နှုန်းကိုတိုးစေသည်။ - မြေဆီလွှာမြေသားအနေအထားကို ကောင်းမွန်စေသည်။ - မြေဆီလွှာ၏ သြဇာပိုထက်သန်လာစေသည်။ - မြေဆီလွှာအတွင်းသို့ ရေစိမ့်ဝင်ခြင်းကို ပိုမိုကောင်းမွန်စေသည်။ - မြေဆီလွှာ၏ မျက်နှာပြင်မှရေများ မျောပါစီးဆင်းခြင်း၊ မြေမျက်နှာပြင်မှ ရေငွေ့ဆုံးပါးခြင်း၊ မြေသားအနက်ဘက်ဆီသို့ စိမ့်ယိုခြင်းကို ကာကွယ်ပေးခြင်းတို့ကြောင့် ရေအသုံးချရမှုတွင် ပို၍ အဆင်ပြေစေသည်။ - မြေဆီလွှာအတွင်း အပင်အတွက် အာဟာရများလည်ပတ်ခြင်းနှင့် အပင်များက ရယူစာသောက်ခြင်းကို အထောက်အကူဖြစ်စေသည်။ - သီးနှံပင်အတွက် အဓိကအာဟာရများဖြစ်စေသော နိုက်ထရိုဂျင် N နှင့် ဖော့စပရပ်(စ်) P လိုအပ်မှုကို လျော့နည်းစေတယ်ခင်ဗျာ။ နိုက်ထရိုဂျင်ကတော့ အားလုံးသိပြီးသားမို့ မဖော်ပြတော့ပါဘူးခင်ဗျာ။ အဆင်ပြေပါစေ။
လွယ်လွယ်နားလည်အောင်ပြောရရင်တော့ သစ်ရွက်ခြောက်၊ သစ်သားဆွေး၊ လွစာ၊ ကောက်ရိုး စသော သစ်ဆွေးဓာတ်ကြွယ်ဝတဲ့ အရာတွေ အညိုရောင် အရွက်ခြောက်တွေမာ ကာဗွန် ဓာတ်ပါဝင်မူ့ များပါတယ်ခင်ဗျာ။ နွားချေး၊ ကြက်ချေး၊ သစ်၇ွက်စိမ်း စတာတွေကတော့ နိုက်ထရိုဂျင်ဓာတ်ပေါများပြီး အရွက်ကို အားပေးပါတယ်ခင်ဗျာ။ ဒါကြောင့် ဘိုကာချီတို့ အခြားမြေဆွေးတို့ ပြုလုပ်ရာတွင် တိရိစ္ဆာန် အညစ်ကျေးနဲ့ ကာဗွန်ပါဝင်မူများတဲ့ စပါးခွံ၊ လွစာ တို့ကို အချိုးတူထည့်လေ့ရိတာ အားလုံးအသိပါခင်ဗျာ။
နောက်တခကြက်ချေး၊နွားချေးက cလား?Nလား? ဆိုရာမှာ.ရောနေပါတယ်။ တကယ်လည်း နှစ်ခုစလုံးပါပါတယ်၊ratioအချိုးကွာတာပါ။ ဥပမာ.နွားချေးမှာ(5:1)ပါတယ်ဝက်ချေး(6:1) စပါးခွံ(300:1) သစ်ရွက်ခြောက်(60:1) မြက်စို(15:1) စသဖြင့် ပါပါတယ်။ဆိုတော့ကား... ကိုယ်လိုချင်တဲ့..30:1ရအောင် ဘယ်အရာဘယ်လောက်ထည့်ရမလဲ..ခန့်မှန်းတွက်ချက်ပီး ထည့်ရတာပါ။ တိတိကျကျ. မလိုအပ်ဘူးလို့ထင်ပါတယ်။ မရှင်းသေးလို့၊လိုအပ်ရင်အကျယ်ရေးပေးပါ့မယ်။
ဆက်စပ်မေးခွန်းများ
ကြက်ချေးအိတ်100လွှစာအိတ်50ကို ကိုရွက်15အိတ် EMအပြင်းနဲ မြေဆွေပုံလုပ် ထားတာ လောက်ကောင်တွေ ထွက် လာ လို ဗျ C.Nအ...
ဖြေကြားချက် 4 ခု
ဒီ အစိမ်းရောင်လမ်းထဲမှာ သဘာဝမြေသြဇာပြုလုပ်နည်းရှိလားဗျ juice fertilizer ပြုလုပ်နည်းသိချင်လို့
ဖြေကြားချက် 7 ခု
၁)ငါးအမိုင်နို နဲ့ ၂)စူပါဘိုကာရှိ(ဖွဲနု (၅ တင်း)၊ နွားချေး (၅ တင်း)၊ စပါးခွံ (၅ တင်း)၊ အသင့်သုံးအီးအမ် (အဏုဇီဝ...
ဖြေကြားချက် 1 ခု
မြေဆွေးလုပ်တဲ့အခါ Emဖြန်းမဲ့နေရာမှာ ငါးအမိုင်နိုနဲ့ အစားထိုးဖြန်းလို့ရလားဗျ မြေဆွေးဖြစ်မှု အချိန်ကာလာကရော ကွာ...
ဖြေကြားချက် 3 ခု
ဓာတုမြေသြဇာတွေစျေးကြီးနေလို စပါးကိုရွက်ဖျန်းဆေးတွေနဲသုံးလိုရလားခင်ဗျားရရင်လဲဘယ်လိုရွက်ဖျန်းဆေးတွေသုံးသင့်လဲပညာ...
ဖြေကြားချက် 2 ခု