မင်္ဂလာပါ။ ကျွန်တော်ဒီနှစ်မှ...စိုက်ပျိုရေးစလုပ်မှာပါခင်ဗျာ ဒီနှစ်ပဲပုပ်စိုက်မို့..ဘယ်လမှာစစိုက်သင့်လဲပြီးေတာ့ မြေကိုဘယ်လိုပြုပြင်ရမလဲ ခင်ဗျာ ပြီးတော့ဘာတွေလိုအပ်ပါသလဲ.. စိုက်ဖူးတဲ့တောင်သူများ နည်းလမ်းလေတွေ မျှကြပါဦး..ခင်ဗျာ။ (ကျေဇူးတင်ပါသည်။)
ရာသီမရွေး စိုက်လို့တဲ့မျိုး(ရေဆင်း-၆/ရေဆင်း-၁၁/...)မျိုးသန့်အရင်ရှာပါ။ ပဲတီစိမ်းစိုက်သလို၊ဖေ-မတ် မှာရေသွင်းစိုက်၊မေ-ဇွန် မှာ မိုးလယ်စိုက်။အောက်-နို မှာဆောင်းစိုက်ချိန်ပါ။ အခုမှ စစိုက်မှာဆိုရင်..မိုးစပါးအပြီး သီးထပ်အနေနဲ့၊ နိုဝင်ဘာမှာ စိုက်ပါ။ထယ်ထိုး၊ထွန်မွှေပြီး၊အတန်းလိုက်မျိုးစေ့ချစိုက်ပါ။ ဒီကြားထဲမှာ.ပဲပုပ်စိုက်ပျိုးရေးနဲ့ပတ်သက်နည်းပညာဆောင်းပါးတွေကို၊အစိမ်းရောင်လမ်းမှာ ရှာဖတ်ပါ။မရှင်းတာရှိရင်၊အချိန်မရွေး၊မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
လယ်မာ စပါးသီးထပ် စိုက်မာလား၊ ယာသီးနံအဖြစ် စိုက်မာလားခင်ဗျာ။ ယခုဆိုရင် ရာသီမရွေး စိုက်ပျိုးနိုင်တဲ့ မျိုးတွေ ပေါ်ထွက်နေပါပြီခင်ဗျာ။ မြေအမျိုးအစားနှင့်မြေပြုပြင်ခြင်း မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီးမြေဆွေး ပါဝင်မှုများသော၊ ဖွယ်သော မြေများတွင် ပိုမို ဖြစ်ထွန်းသည်။ မြေချဉ်ငံ ကိန်းအားဖြင့် ၅.၅ နှင့် ၇.၅ အကြား ဖြစ်သည်။ မြေချဉ်ငံကိန်းသည် ၆-၇ ကြားရှိပါက အကောင်းဆုံး ဖြစ်သည်။ မြေချဉ်ငံကိန်း ၇.၅ ထက်များသောမြေများတွင် အပင် အညှောင့်ပေါက်ခြင်း ညံ့ဖျင်းမည် ဖြစ်သည်။ မြေချဉ်ငံကိန်း ၅.၅ ထက်နည်းပါက စိုက်ခင်းအား ထုံး (မဖောက်ထုံး) ထည့်ပေးရန် လိုအပ်ပါသည်။ ရေဝပ်သောမြေများသည် အပင်ကို ဒုက္ခပေးတတ်သောကြောင့် ရေဆင်းကောင်းအောင် သေချာဆောင်ရွက်ပေးရမည်။ မြေပြင်ချိန်တွင် နွားချေး(သို့) သဘာဝမြေဆွေးများအား ၁ဧကတွင် လှည်း (၁၀)စီးနှုန်း ထည့်သွင်းပေးပါ။ မြေခံ အနေဖြင့် ယူရီးယား ၇ ပိဿ (သို့) (၁၂)ကီလို၊ တီစူပါ (၁၅- ၂၃) ပိဿ (သို့) (၂၅-၃၈)ကီလို၊ ပိုတက်(၁၅) ပိဿ (သို့) (၂၅)ကီလို ထည့်သွင်းပါ။ အခုမ စစိုက်တာဆိုတော့ ပဲပုပ်နဲ့ ပတ်သတ်တဲ့ ဆောင်းပါးလေးတွေကို လင့်ချပေးလိုက်ပါမယ်ခင်ဗျာ။ အဆင်ပြေပါစေ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်း23ရက်သား ယူရီယား(ပုလဲ)မြေဆီလောင်ခြင်းအား တားဆီးလို့ရနိုင်လားခင်ဗျ။
ဖြေကြားချက် 2 ခု
အသီးအပွင့်သဘာဝအားဆေးအနေဖြင့်(ယူရီးယား+ဘိုရွန်း)အပြင် အခြားဖော်စပ်နည်းများရှိသေးရင်ပြောပြပေးပါအုံးခင်ဗျ။
ဖြေကြားချက် 1 ခု
သက်လျင် ပဲပုပ်မျိုး ေရာင်းဖို့ ရှိတဲ့သူ ဝင်ဖြေသွားပါအုံး။ တစ်အိတ်လောက်ပါ။ စမ်းစိုက်ကြည့်ဖို့။
ဖြေကြားချက် 1 ခု
ပဲပုတ်ကို ရှမ်းပြည် မြှောက်ပိုင်းမှာ ဘယ်လိုစစိုက်ရမလည်းဗျာ စိုက်နည်းလေးလည်းသိချင်ပါတယ် မျိုးစေ့ရော ဘယ်ကနေဝယ်ရမ...
ဖြေကြားချက် 2 ခု
မိုးမိတ်မှာမိုးကတစ်ပတ်ကျော်ပီအနဲနဲ့အမျရွာနေလို့ပေါင်းပင် မြေဇြမြက်နဲ့ထိကရုံမြက်တွေကထလာကြပီပေါင်းသင်ဖို့ကလဲ...
ဖြေကြားချက် 6 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။