ပင့်ကူအိမ်လိုမျိုးတွေနဲ့ပိုးသေးသေးလေးတွေကျနေလို့ပါ အရွက်တွေလဲခြောက်သွားလို့ ဘာပိုးသတ်ဆေးသုံးရမလဲရှင့်
ရှင်းပြပေးတာကျေးဇူးပါရှင့်
ပုံက သိပ်မကြည်တော့ ပြောရခက်ပါတယ်ခင်ဗျာ။ ကျွန်တော်အမြင်ကတော့ ဖားဥမှိုရောဂါလို့ထင်ပါတယ်ခင်ဗျာ။ အဖြူရောင်အမှုန့်များကပ်နေသော ပြင်းထန်သည့် ရောဂါတစ်မျိုးဖြစ်ပါတယ်။ မှိုရောဂါတစ်မျိုးဖြစ်ပြီး (Sphaerotheca pannosa var) ကြောင့် ဖြစ်ပွားတာပါ။ အပူချိန် (၇၀-၈၀) ဒီဂရီဖာရင်ဟိုက်နှင့် စိုထိုင်းဆက ညဘက်မြင့်မားပြီး နေ့ဘက်ကျဆင်းတဲ့ဒေသတွေရဲ့ စိုက်ပျိုးသည့်အချိန်အတွင်း မည်သည့်အချိန်မဆို ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် အရိပ်ရတဲ့ဒေသနှင့် အေးသောကာလများမှာ အများဆုံးဖြစ်ပွားပါတယ်။ ပန်းပွင့်မှုနှုန်းကျဆင်းပြီး ပန်းပွင့်ပါက အရည်အသွေးမမှီသော အပွင့်များဖြစ်စေပါတယ်။ လက္ခဏာ အရွက်များ၏မျက်နှာပြင်များနှင့် အညွှန့်များပေါ်တွင် ပေါင်ဒါကဲ့သို့ အဖြူရောင်အမှုန့်များတွေ့ရပေမည်။ ရောဂါပြင်းထန်လာသည်နှင့်အမျှ တစ်ရွက်လုံး အဖြူရောင်အမှုန့်များဖုံးလွှမ်းသွားပါတယ်။ ရောဂါကျသောအရွက်ရဲ့ ပုံစံများပျက်နေပြီး အရွက်များကြွေကျလာပါမယ်။ အပင်ထိပ်ပိုင်းတွင် ပို၍ဖြစ်ပွားပါတယ်။ ကာကွယ်နှိမ်နင်းနည်းများ ခံနိုင်ရည်ရှိသောမျိုးကိုရွေးပါ။ ရောဂါကျရောက်နေသော အရွက်များ၊ အကိုင်းများဖယ်ထုတ်ရှင်းလင်းပါ။ ဘီနိုမှိုင်း၊ တော့ပ်စင်အမ် စသည့် မှိုသတ်ဆေးများကို အညွှန်းတိုင်းသုံးစွဲပါ။
မွှားပင့်ကူလို့ခေါ်ပါတယ်ပိုးသတ်ဆေးအတော်များများကို ခံနိုင်ရည်ရှိပါတယ်။ ခြေထောက်ရှစ်ချောင်းပါတဲ့ ၊mites အမျိုးအစားမို့.. miticideမွှားသတ်ဆေးဖျန်းမှ ရပါတယ်ခင်ဗျ။ Sulphur 80%WDဖျန်းပေးရင် မွှားပင့်ကူအတွက် ကာကွယ်နိုင်ပါတယ်။ ရာသီဥတုပူလာလို့ Outbreak ဖြစ်လာရင်..မနိုင်ပါ။ Avermectin, Pyridarbin, Spinoson./Spinotiram စသဖြင့် တမျိုးမျိုးဖျန်းမှ ရပါတယ်။ pyrethroidsထိသေဆေးမျာသည်၊ပန်းပွင့်အရည်အသွေးကျဆင်းစေပါတယ်။
ဆက်စပ်မေးခွန်းများ
နှင်းဆီအပင်တိုင်းလိုလိုမှာအညွန့် ရှည်ရှည်နဲ့အကိုင်းတကိုင်းထွက်ထွက်လာတာ ဖြတ်ပစ်ရမလားရှည့် ပင်မအပင်နဲ့အရွက်ပုံစံ...
ဖြေကြားချက် 3 ခု
နှင်းဆီအရွက်တွေအပွင့်ပွင့်ပေမယ့် သူတပင်ထဲငေါင်စင်းစင်းကြီးဖြစ်နေလို့ အဟာရဓာတ်လိုအပ်လို့လားရှင့်
ဖြေကြားချက် 5 ခု
နှင်းဆီမှာကျရောက်တက်တဲ့ရောဂါများနဲ့ ကာကွယ်ကုသနည်းများကိုသိခြင်ပါတယ်ဗျ
ဖြေကြားချက် 1 ခု
ညီမနှင်းဆီ အဖူးများပြီး သေးသေးလေးနဲ့အဖူးမအောင်သလိုဖြစ်နေလို့ပါ ပိုးကျတာလားရှင့်
ဖြေကြားချက် 2 ခု
နှင်းဆီး အပင်သန်အောင် ဘယ်လိုစိုက်မလဲ၊နှင်းဆီး အရောင်ကောင်းအောင် ဘယ်လိုလုပ်မလဲ၊နှင်းဆီး ပိုးမကျအောင် ဘယ်လိုကာ...
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။