အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,278
လွန်ခဲ့သော ၄ နှစ် က · သာယာဝတီ

ဟင်းသီးဟင်းရွက်စိုက်မှာပါ။ မြေကို ဘာတွေနဲ့ပြင်ရင်ကောင်းလဲဗျ တစ်နှစ်လောက် ဘာမှမစိုက်တဲ့မြေပါ ၊ခုတစ်ပတ်ထဲ လုပ်...

ဟင်းသီးဟင်းရွက်စိုက်မှာပါ။ မြေကို ဘာတွေနဲ့ပြင်ရင်ကောင်းလဲဗျ တစ်နှစ်လောက် ဘာမှမစိုက်တဲ့မြေပါ ၊ခုတစ်ပတ်ထဲ လုပ်ချင်တာမို့ ဖြေပေးစေလိုပါတယ်ခင်ဗျ

မြေဆီလွှာ ကိုက်လန်

ဖြေကြားချက် ၇ ခု

232 လွန်ခဲ့သော ၄ နှစ် က

ပြန်ဖြေပါရှင်

232 လွန်ခဲ့သော ၄ နှစ် က

ကြက်ချီးမြေနဲလုပ်ရပါးသည်

260,000 လွန်ခဲ့သော ၄ နှစ် က

အဆင်ပြေပါတယ်ခင်ဗျာ။ ပြီးတော့ကိုက်လန်အတွက်ဆို သူက မြေချင်တာ မကြိုက်တာကြောင့် မိမိမြေက ချင်နေရင် ဖွဲပြာကြောင့် PHလည်းညီမျ၊ မြေလည်းဖွယ်၊ အမြစ်ကိုလည်းအားပေးပါတယ်ခင်ဗျာ။ ပြီးတော့ စပါးခွံဆွေး၊ ဝါးရွက်ဆွေး၊ လွစာဆွေး စသော သစ်ဆွေးဓာတ်ပါသောမြေသြဇာများထည့်ပေးနိုင်ပါက ပိုကောင်းပါတယ်ခင်ဗျာ။ ဘာလို့လည်းဆိုတော့ ကိုက်လန်က သစ်ဆွေးဓာတေပေါတဲ့ မြေတွေမာ ပိုဖြစ်ထွန်းပါတယ်ခင်ဗျာ။

1,278 လွန်ခဲ့သော ၄ နှစ် က

အားလုံးကို ကျေးဇူးပါခင်ဗျာ့ ဖွဲပြာအဆင်သင့်တာမို့ ဖွဲပြာသုံးလိုက်ပါမယ်ခင်ဗျာ

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

ဘာမှမစိုက်တဲ့ မြေဆိုရင်တော့ အနားရထားတာပါ သိပ်ပြသနာမရှိပါ အားဖြည့်ချင်ရင်တော့ အီးအမ် ဘိုကာချီ သို့ မြေဆွေး သို့ ဖွဲပြာ များ ထည့်နိုင်ပါတယ်

1,160 လွန်ခဲ့သော ၄ နှစ် က

Humicin ဟူမစ်ဆင်လို့ခေါ်တဲ့ မြေပြင်တဲ့ဆေးမှုန့်လေးတွေရှိပါတယ် ၊ စိုက်ပျိုးရေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

260,000 လွန်ခဲ့သော ၄ နှစ် က

နွားချေး၊ ဘိုကာချီ၊ ဒိုချက်ကင်၊ ဖွဲကြမ်း စသည်တို့နဲ့ မြေပြင်နိုင်ပါတယ်။ ပိုကောင်းချင်ရင် နွားချး၊ ဖွဲကြမ်းစသည်တို့နဲ့ ပြင်မယ်ဆိုရင် ၇ရက်လောက် EMဖြန်းပြီးအရိပ်ထဲ၌ နပ်ထားပါ။ ဘိုကာချီ၊ ဒိုချက်ကင်တို့နဲ့ဆို အဲ့လို လုပ်စရာမလိုပါခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။