အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
119
လွန်ခဲ့သော ၄ နှစ် က · သံဖြူဇရပ်

EM Bokashiကိုရော်ဘာရွက်ခြောက်နှင့်ပြုလုပ်လိုရပါသလား EM Bokashiပြုလုပ်နည်းဝေမျှပေးကြပါအုံးမိတ်ဆွေတို့

စိုက်ပျိုး ဗဟုသုတ ရော်ဘာ

ဖြေကြားချက် ၅ ခု

260,000 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ရော်ဘာရွက်ခြောက်နဲ့ပြုလုပ်ချင်ရင်တော့ EM Bokashiမလုပ်ပဲ ဒိုချက်ကင်ကိုသာ လုပ်စေချင်ပါတယ်ခင်ဗျာ။

260,000 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

EM Bokashiက စပါးခွံ၊ နွားချေး၊ ဖွဲနု (၂:၂:၁) ဆတို့ကို ရောစပ်ပြီး အသင့်သုံးအီးအမ်ဖျော်ရည်ဖျန်း၍ အစိုဓာတ် ၄၀% ရှိချိန်တွင် လေလုံအိတ်အတွင်းသို့ထည့်ကာ အေး၍ခြောက်သွေ့သော အရိပ်ထဲတွင်ထားရတာပါခင်ဗျာ။နွေရာသီတွင် (၃) ရက်၊ ဆောင်းရာသီတွင် (၇-၁၀) ရက်ကြာလျှင် မြေဆွေးအဖြစ် စတင်အသုံးပြုနိုင်ပါသည်။ စပါးခွံနေရာ၌ ရော်ဘာရွက်ခြောက်ကို အစားထိုးပြီးလုပ်လို့ရတယ်ထင်ပါတယ်ခင်ဗျာ။ ဒါပေမဲ့ အာနိသင်တော့ အနည်းငယ်ကွာခြားချက် ရိပါတယ်ခင်ဗျာ။

260,000 လွန်ခဲ့သော ၄ နှစ် က

ပိုကောင်းပါတယ်ခင်ဗျာ။ နွားချေးက အရွက်နဲ့ပင်စည်ကို အားပေးပြီး ကြက်ချေးက အသီးနဲ့အပွင့်ကို အားပေးပါတယ်။ ဒါ့ကြောင့် ၂ခု ရောသုံးရင် ပိုကောင်းပါခင်ဗျာ။ အဆင် ပြေပါစေခင်ဗျာ။

4,643 လွန်ခဲ့သော ၄ နှစ် က

နွားချေး အစား ကြက်ချေး ကိုအသုံးပြုရင်ရနိုင်လား

260,000 လွန်ခဲ့သော ၄ နှစ် က

ရော်ဘာ ရွက်ခြောက်တွေနဲ့ပဲ ဘိုကာရှီမြေဆွေးပုံ ပြုလုပ်ချင်တယ်ဆိုရင်တော့အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်ခင်ဗျာ။ • စည်ပိုင်းပြတ်ထဲသို့ ရေဂါလန်(၂၀)+ အသင့်သုံးအီးအမ်ဖျော်ရည် နို့ဆီခွက်(၃)ခွက် (၁ လီတာခန့်)+ တင်လဲရည်(၃)ခွက် လောင်းထည့်၍ တုတ်ဖြင့်မွှေပါ။ • အရိပ်အောက်တွင် လယ်ယာစွန့်ပစ်ပစ္စည်းများကို အလျား(၆ပေ)၊ အနံ(၃ပေ)၊ ထု(၆လက်မ) ရှိအောင် တစ်လွှာပုံပါ။ • ဖျော်ပြီးသား EM (၃)ဂါလံကို အဆိုပါ အလွှာပေါ်တွင် ဖျန်းပါ။ • နွားချေးနှင့် ဖွဲနုရောပြီး (၈)ပြည် ထပ်မံ၍ဖြူးပါ။ • ဤကဲ့သို့ အလွှာခြောက်လွှာထိ ထပ်၍ပုံပါ။ • (၄-၅)ရက်ကြာလျှင် မြေဆွေးပုံအတွင်း လက်ဖြင့်စမ်းကြည့်လျှင် အလွန်အမင်းပူနေလျှင် အထက် အောက် လှန်ပေးပါ။ • ခြောက်နေလျှင် ရေဖျန်းပေးပါ။ • အဖြူရောင် မှိုမျှင်များတွေ့လျှင် ဆွေးမြေ့နေကြောင်း သိရှိနိုင်ပါသည်။ • (၇-၁၀) ရက်အကြာ တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့်အခြေအနေ၌ပင် စတင်သုံးစွဲနိုင်ပါ သည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။