sulphur ကအပင်အတွက်ဘာတွေအကျိုးပြုပါသလဲ။ လိုတာထက်ပိုနေရင်ဆိုးကျိုးဘာတွေရှိပါသလဲ။
ဆာလဖာက မွှားပင့်ကူသတ်ဆေးအဖြစ်အသုံးပြုနိုင်သလို ဖားဥမှိုသတ်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ ပိုတက်စီယမ်နဲ့မက်ဂ္ဂနီဆီယမ် ဖြစ်ပေါ်ခြင်းမှာလည်း အဓိကပါဝင်ပါတယ်။ များလွန်းရင်တော့ သံဓာတ်များသကဲ့သို့ အရွက်နီကြောင်ကြောင်နဲ့အမြစ်တိုတာတွေခဖစ်နိုင်သလို အရွက်တွေမှာ အဖြူလေးအဆင််တွေဖြစ်စေနိုင်ပါတယ်။ တရွက်လုံးဖွေးနေတာလဲမင်ဘူးလောက်မယ်ထင်ပါတယ်။ ကျေးဇူးပါ
ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်သည်။ မြေငန်ကို ပြုပြင်ပေးနိုင်ပါတယ်ခင်ဗျာ။နှစ်ရှည်ပင်များ ထုံးသုတ်ရာတွင် ထုံးတဆ၊ ဆာလဖာ(ကန့်)တဆ၊ ရေ ၅ဆဆ-၁၀ဆ ရောပြီးသုတ်နိုင်ပါတယ်ခင်ဗျာ။ ဆာလဖာက အမြစ်ဖွံ့ဖြိုးမှုကို အားကောင်းစေရုံမျှမက အပင်ရဲ့ အဓိကကြီးထွားဖွံ့ဖြိုးမှုဖြစ်တဲ့ ပရိုတင်းဓာတ်ထုတ်လုပ်ရာမှာ အဓိကလိုအပ်ပါတယ်။ ဆာလဖာဟာ အက်ဆစ်ဆန်တဲ့မြေမှာတောင် မြေဆီရဲ့ အဟာရစုပ်ယူနိုင်စွမ်းကို အားပေးနိုင်ပါတယ်။ အကျိုးပြုအဏုဇီ၀ပိုးများရဲ့ လုပ်ငန်းများကိုလည်း အားပေးတဲ့အတွက် မြေခံထည့်မယ့်မြေဩဇာဟာ ကွန်ပေါင်းပြီးရင် ဒုတိယအကောင်းဆုံး မြေဩဇာဖြစ်ပါတယ်။ သူ့ချည်းပဲ ကျွေးတာမဟုတ်ပဲ နိုက်ထရိုဂျင်နဲ့တွဲထားတဲ့ ဆာလဖာမြေဩဇာဟာ ပိုမိုထိရောက်တာကို တွေ့နိုင်ပါတယ်။ အဆင်ပြေပါစေခင်ဗျာ။
မဖွကွေဘူးလား
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆာ(လ်)ဖာ ရဲ့အကျိုူပြုပုံလေး သိပါရစေခင်ဗျ. သိတဲ့ဆရာများ ရှင်းပြပေးပါလားခင်ဗျာ...
ဖြေကြားချက် 4 ခု
သက်တမ်းစပါး /စုိက်ခင်းစပါးတေမှာ ပုလဲမြေဩဇာကို ဘယ်နှစ်ကြိမ် ဘယ်အချိန်တေမှာ ဘယ်လိုမျိုးနှုန်းထားနဲ့ ကျွေးရပါမလဲ...
ဖြေကြားချက် 0 ခု
စပါးရက် 60 သား ဘာဖြစ်တာလဲ ဗျာ
ဖြေကြားချက် 1 ခု
ပဲတီစိမ်းခင်း အစိုဓာက်မရှိပါ ဖားဥမိူကျနေလို့ sulphur ပတ်လို့ ရပါသလား ကျိုင်းကောင်လေးတွေလည်း ရှိလို့ ပိုးဆေးပါ...
ဖြေကြားချက် 1 ခု
ကျွန်တော်တစ်ခုလောက်မေးချင်လို့ပါခင်ဗျာကျွန်တော်ပဲတီစိမ်းအခင်းမှာအပင်မညီမျမူရှနေလို့ပါအပင်ကြီးတွေရှိနေသလိုအပင်...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။