အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Dattaw Sayadaw
Dattaw Sayadaw 1,393
လွန်ခဲ့သော ၄ နှစ် က · မိုင်းရှုး

ရှမ်းပြည်တောင်ပိုင်း၊မိုင်းရှူးရတနာမြေ ဝမ်ကန်တောင်ပေါ်တွင်ဒန့်သလွန်ပင်များ အပင်၁၀၀ခန့်စိုက်ပျိုးသော်လည်း အပင်တွေက သေကုန်တာများပါသည်။ နံနက်စောပိုင်း၌ ၁၀ စင်တီဂရိတ် မှ နေ့လည်ပိုင်းတွင် အပူချိန် ၂၄၊ ၂၅စင်တီဂရိတ်မျှသာရှိပါသည်။ အေးလွန်းဒေသဖြစ်၍ မဖြစ်ထွန်းနိုင်ဟု ယူဆရပါသည်။ ဒန့်သလွန်ပင်များ ရှင်သန်နိုင်ရန်မည်သည့်နည်းပညာများ အသုံးပြုသင့်သည်ကို အကြံပြုစေလိုပါသည်။ ဒန့်သလွန်ပင်ရှာမတွေ့လို့ ဘုန်းဘုန်းက ကြံပင်ထည့်လိုက်ရတာပါ။ ဒီ Green way စိုက်ပျိုးရေးကဏ္ဍမှာ မေးတဲ့ဒကာနဲ့ ဖြေတဲ့ဒကာနဲ့ မေးတဲ့ဒကာကပိုများနေတယ်၊ဖြေတဲ့သူကနည်းနေတယ်လို့ဘုန်းဘုန်းကထင်တယ်။

စိုက်ပျိုးနည်း ကြံ
Post image

ဖြေကြားချက် ၆ ခု

Dattaw Sayadaw
Dattaw Sayadaw 1,393 လွန်ခဲ့သော ၄ နှစ် က

ဘုန်းဘုန်း အခြားစိုက်တာကတော့နယ်သာလန်လီလီပန်းမျိုးဥလည်းစိုက်ကြည့်တယ်။နည်းပညာပိုင်းမကျွမ်းကျင်တာလည်းပါမယ်ထင်ပါတယ် ဒကာကြီး။ သိပ်ပြီးအားမရပါ။ စက်တင်ဘာမှာစိုက်တော့ မိုးများလွန်းတာလည်းပါမယ်ထင်တယ်၊အပင်တွေကသေချာ planချပြီးစိုက်တာဘဲ၊ ထင်သလောက်မဖြစ်ဘူး။

ဖုန်းမဏ်တိုး
ဖုန်းမဏ်တိုး အတည်ပြုပြီး 217,424 လွန်ခဲ့သော ၄ နှစ် က

အရင်တစ်ခေါက် မေးတုန်းကတော့ဖြေထားပါတယ်ဖိရား အပူချိန်များခြင်း နဲခြင်း စတဲ့ပတ်ဝန်းကျင်ကိုထိန်းချုပ်ဖို့ရန်တော့ မှန်လုံအိမ်များဖြင့်သာစိုက်ရပါမယ်ဖိရား ထိုကြောင့် အခြား သီးနှံတစ်ခုသာစိုက်သင့်ပါတယ်၊

Agriculturalist K.S
Agriculturalist K.S 260,000 လွန်ခဲ့သော ၄ နှစ် က

တောင်းပန်ပါတယ်ဘုရား။ အရင်က အမေးတွေကို ခင်ဗျာနဲ့ဖြေနေတာ ရောင်သွားလို့ပါဘုရား။

Dattaw Sayadaw
Dattaw Sayadaw 1,393 လွန်ခဲ့သော ၄ နှစ် က

ဘုန်းကြီးကမေးတာပါ ခင်ဗျာ ခင်ဗျာနဲ့ဖြေတာကတော့ polite မဖြစ်ပါဘူး Agriculturalist ရယ်...

Agriculturalist K.S
Agriculturalist K.S 260,000 လွန်ခဲ့သော ၄ နှစ် က

ဒန့်သလွန်ပင်သည် အပူပိုင်းသီးနှံ ဖြစ်သော်လည်း တောင်ပေါ် မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတု မရွေးသောအပင်ဟု ဆိုနိုင်ပါသည်။ ဒါကြောင့် အေးလွန်းဒေသဖြစ်၍ မဖြစ်ထွန်းနိုင်တာမဖြစ်နိုင်ပါခင်ဗျာ။

Agriculturalist K.S
Agriculturalist K.S 260,000 လွန်ခဲ့သော ၄ နှစ် က

မြေအမျိုးအစားလေးပြောပြပါလားခင်ဗျာ။ ဒန့်သလွန်ပင်သည် သဲဆန်လွန်းသော မြေနှင့် ကျောက်စရစ်မြေများမှလွဲ၍ မြေမရွေး ဖြစ်ထွန်းပါသည်။ ဒန့်သလွန် စိုက်ပျိုးရန် မြေဩဇာ ထက်သန်ပြီး ရေမ၀ပ်သော နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းမြေစေးများသည် အကောင်းဆုံး ဖြစ်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။