အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
koko
koko 232
လွန်ခဲ့သော ၄ နှစ် က · ကန့်ဘလူ

မိုးရာသီစိုက်တဲ့မြေပဲဆိုအပင်တွေသန်ပီးဥနည်းနေတာဘာကြောင့်လည်းကျေးဇူးပြုပြီးရှင်းပြပေးပါ

စိုက်ပျိုးနည်း မြေပဲ
Post image

ဖြေကြားချက် ၂ ခု

Agriculturalist K.S
Agriculturalist K.S 260,000 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

အပါ်ကဆရာပြောသလို ပုလဲအကျွေးများပြီး အပင်အသန်လွန်နေတာပါ။ ဆိုလိုချင်တာက အရွက်မှာအားကောင်းပြီးဥနည်းနတာပါခင်ဗျာ။ ကယ်ဆီယမ် ဘိုရွန် ကိုဖြန်းနိုင်သလို ပုလဲ+လက်ချား ရွက်ဖျန်းမြေသြဇာလည်း ဖျန်းနိုင်ပါတယ်ခင်ဗျာ။ ကျေးဇူးပါ။

ko saung thant kyi
ko saung thant kyi 10,576 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

မိုးမြေပဲက ပင်ထောင်ပဲစိုက်တာများတယ်။ ရာသီဥတုအခြေအနေအရ မိုးများတော့ စမ်းကိုင်မှာဆိုးပြီး ပုလဲအကျွေးများပြီး အပင်အထများတယ်။ တကယ်လိုအပ်တဲ့ ကယ်ဆီယမ် ဆာလဖာ အကျွေးနည်းတယ်။ ​မြေပဲသဘောက ရက်နှစ်ဆယ်ကျော်တာနဲ့ ပေါင်းစုံပန်း ခေါ်တဲ့ ခွေးခြေခုံကနေပွင့်တဲ့ လက်ရင်းပန်းပေါ့ ပွင့်လေ့ရှိတယ်။ တောင်သူသဘာဝအရ အဲ့အချိန်မှ ကြားလိုက်တာများတော့ အပွင့်ကန်းကုန်တာကြောင့်ဖြစ်နိုင်သလို မြေပဲပွင့်တွေဟာ ကယ်ဆီယမ် ဆာလဖာဓာတ်နဲ့တွေ့မှ အောင်မြင်တဲ့ မြေပဲတောင့်များဖြစ်နိုင်သလို မရှိရင် လေသီးဘောက်သီးများနိုင်ပါတယ်။ ပန်းပွင့်တဲ့အချိန်တိုင်း ကြားတိုက်တာရှောင်ပြီး ကျောက်မှုန့်ကျွေးဆေးလိုပါတယ်။ ပြီးတော့ ကယ်ဆီယမ် ဘိုရွန် ကို ဖျနိးစေလိုပါတယ်။ သက်တန်းတိုတဲ့ ပင်ထောင်မျိုးမှာ ရက်၂၀ ၃၀ ကြား ရက်၄၅ ၅၅ ကြား ၆၅ ၇၅ ကြားကျွေးသင့်ပြီး။ ပင်ပြန့်မျိုးကိုတော့ အနည်းငယ်ခြားကျွေးသင်ပါတယ်။ ကျေးဇူးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။