ဘာပိုးသတ်ဆေးသုံးရမလဲ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
တမာပိုးသတ်ဆေးရည် ကထိရောက်စွာကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာ။ (၁) တမာရွက်လတ်လတ်ဆတ်ဆတ် ၆၀ ကျပ်သား (၂) ရေ ၁ ဂါလံ တမာရွက်လတ်လတ်ဆတ်ဆတ်များကို နုပ်နုပ်စဉ်း၍ ရေထဲတွင်ထည့်ပြီး တစ်ညရေစိမ်ပါ။ (၂၄) နာရီ ရေစိမ်ပြီးပါက နောက်နေ့တွင် အရည်ကိုစစ်ယူပါ။ စစ်ရည်ကို (၄) ဂါလံရရှိအောင် ရေရောပါ။ ဆပ်ပြာမှုန့် နှစ်ကျပ်သားခန့် ရောစပ်ပြီး မွှေပေးပါ။ အရွက်များပေါ်တွင် စေးကပ်နေစေရန်ဖြစ်သည်။ ပြီးပါက ပက်ဖျန်းလို့ရပါသည်။ နောက်တစ်နည်းမှာ တမာရွက်များကို ရေထဲတွင်ထည့်ပြီး နာရီဝက်ခန့်ဆူအောင် ကျိုပေးရသည်။ ထို့နောက် (၁၂) နာရီကြာ အအေးခံထားပါ။ အအေးခံပြီးပါက အရည်ကို စစ်ယူပါ။ ထိုအရည်ကို (၄) ဂါလံရအောင် ရောစပ်ပါ။ ထိုအရည်ထဲသို့ ဆပ်ပြာမှုန့် နှစ်ကျပ်သားခန့်ရောစပ်ပြီး ပက်ဖျန်းနိုင်သည်။ တမာပိုးသတ်ဆေးရည်သည် ပျ၊ ဖြုတ်ပိုး၊ မွှားပင့်ကူနီ၊ ဖြုတ်၊ စိန်ကွက်ဖလံ၊ ခူနှင့် ပေါက်ဖတ် စသည့်ပိုးများကို ကာကွယ်နိုင်သည်။
ပျတွေဖြစ်ပါတယ် တမာ သို့မဟုတ် ဆေးရွက်ကြီးပိုးသတ်ဆေးနဲ့ ရပါတယ် ဓာတုဆိုရင်တော့ စုပ်စားပိုးတွေဖြစ်လို့ ပင်လုံးပြန့်ပိုးသတ်ဆေးတစ်ခုခုကိုဖျန်းနိုင်ပါတယ် ဥပမာ အစီဖိတ် သို့ ဖစ်ပရိုနေး သို့ ကာတက် ဟိုက်ဒရိုကလိုရိုက် သို့ သိုင်ရာမီသောက်ဇမ် နှစ်သက်ရာကုန်မဏီအလိုက်သုံးနိုင်ပါတယ်၊စုပ်စားပိုးတွေဖြစ်ပါတယ် ပင်လုံးပြန့်ပိုးသတ်ဆေးတစ်ခုခုကိုဖျန်းနိုင်ပါတယ် ဥပမာ အစီဖိတ် သို့ ဖစ်ပရိုနေး သို့ ကာတက် ဟိုက်ဒရိုကလိုရိုက် သို့ သိုင်ရာမီသောက်ဇမ် နှစ်သက်ရာကုန်မဏီအလိုက်သုံးနိုင်ပါတယ်၊
ဆက်စပ်မေးခွန်းများ
မတ်ပဲ အသီးတင်ချိန်မှာ ကြက်ဥဂျူလင်စီရယ် ငါးအမိုင်နိုအက်စစ်( FAA+Em) ကို ရောပီးဖြန်းမယ်ဆို အဆင်ပြေနိုင်လားခင်ဗျ...
ဖြေကြားချက် 4 ခု
ဘယ်လိုတွေဆက်လုပ်သင့်သလဲ အတွေ့အကြုံလေး အကြံလေးဝေမျှပါဦး😓ဆေးငါးကြိမ်(ရွေးချယ်၊ မှို+ပိုး ၊ မှို+ပိုး၊ အား+ပိုး ၊...
ဖြေကြားချက် 3 ခု
sulphurနဲ့triazophosရောရလား
ဖြေကြားချက် 5 ခု
ဆိုက်ဘာမက်သရင်းက မတ်ပဲပန်းပွင့်ချိန်မှာဖျန်းရင် အပွင့်ကြွေနိုင်သလားခငိဗျာ
ဖြေကြားချက် 1 ခု
ကြက်ဥ ဂျူလင်စီကို စနစ်တကျ ပြု့ လုပ်ပုံလေးသိခြင်လို့ပါ။ဘယ်လိုကြက်ဥအမျိူးအစားကပိုကောင်းပါသလဲခင်ဗျ၊ ကြက်ဥဂျူလင်စီ...
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။