ပဲတီးစိမ်း စိုက်ခင်း ရောင်တိုင်ထွက်ချိန်မှာ အားဆေးဖြန်းလိုက်တာ အညွန့်တွေလိုက်လာလို့ ဘယ်လို့ အသီးအားဆေးဖြန်းသင့်သလဲ ဆရာတို့
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၃၅ ရက်
အသီးများများသီးအောင် ပုလဲ+လက်ချား ရွက်ဖျန်းမြေသြဇာဖျန်းပေးပါ။ဆေးဖျန်းပုံး တစ်ပုံး ကို ပုလဲ၁၆ဇွန်း နဲ့ လှော်ပြီးသားလက်ချား(ဘိုရွန်) ၄ဇွန်းနှုန်းနဲ့ ၁ဧက..၅ပုံးဖျန်းပေးမယ်ဆိုရင် အားဆေးဖိုးလည်းသက်သာ,အသီးအထွက်နှုန်းလည်း ကောင်းပါလိမ့်မယ်။ပန်းစပွင့်ချိန်,ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နဲ့သီးကင်းဝင်ချိန်တို့မှာဖျန်းပေးပါ။လက်တွေ့အသုံးပြုမှုများအရအလွန်အသုံးဝင်သော,ကုန်ကျစရိတ်သက်သာသော သီးပွင့်အားဆေးဖြစ်ပါတယ်။လက်ချားကိုလှော်ပြီးမှသုံးစေချင်တယ်။(လောင်တတ်လို့ပါ)
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ ခင်ဗျာ ပဲတီစိမ်း 1လနဲ့5ရက်သားရှိပါပြီ အရွက်တွေဝါပြီး အပင်လည်း မတက်လို့ပါ ပြီးတော့ အရွက်တွေလည်း ...
ဖြေကြားချက် 6 ခု
ဘာဖြစ်တာလည်းခင်ဗျ။
ဖြေကြားချက် 2 ခု
ဘာဖြစ်တာလဲဗျပဲပင်တွေသေနေလို့ဗျ ဘာဆေးသုံးရမလဲပြောပြပါအုံး
ဖြေကြားချက် 1 ခု
ပဲတီစိမ်းမှာဖြစ်နေတာလေးဖြေပေးကြပါဦးရှငိ့ ဘာဆေးတွေသုံးရမလဲ ဘယ်လိုလုပ်ရမလဲဆိုတာဖြေပေးပါဦးရှင့်
ဖြေကြားချက် 6 ခု
မှိုလား၊ ရောဂါလားဗျ။
ဖြေကြားချက် 3 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။