ကွမ်းရွက်က စိမ်းမနေဘဲဝါနေတယ် ပြီးတော့ အရွက်တွေကလည်းတော်တော် တွန့်နေလို့ဘာဆေးသုံးရင်အဆင်ပြေမလဲ သိချင်လို့ပါခင်ဗျာ
ဂျစ်ပဆန်လို့ခေါ်တဲ့ ကျောက်မှုန့်က ကယ်လဆီယမ်ဆာလဖိတ်ဖြစ်ပါတယ်။ ကယ်လဆီယမ် (Ca) နဲ့ ဆာလဖာ (S) တို့ပါဝင်ပါတယ်။ မြေကြီးကို ပိုကောင်းလာဖို့အတွက် သုံးကြပါတယ်။ အကျိုးပြုပုံ ရွှံ့စေးဆန်လွန်းတဲ့မြေကြီးတွေမှာ မြေကြီးဖွဲ့စည်းပုံကောင်းလာဖို့၊ ရေစိမ့်နိုင်စွမ်းကောင်းလာဖို့၊ ထွန်ယက်လို့ အဆင်ပြေလာဖို့အတွက် သုံးကြပါတယ်။ ဂျစ်ပဆန်က သိပ်သည်းနေတဲ့ မြေကြီးတွေကို မွလာစေပြီး အပင်အတွက်လိုအပ်တဲ့ အာဟာရနဲ့ လေတို့ကို ရရှိလာအောင် စွမ်းဆောင်ပေးပါတယ်။ နောက်တစ်ခုက ဂျစ်ပဆန်က မြေချဉ်ငန်ဓာတ်အပေါ်မှာ သက်ရောက်မှု အလွန်နည်းပါတယ်။ ဆားပါဝင်မှုမြင့်တဲ့ မြေကြီးတွေမှာ ဆားဓာတ်နေရာမှာ ကယ်လဆီယမ်ဓာတ်နဲ့ အစားထိုးဖို့ သုံးပါတယ်။ ဒါကြောင့် ရွံ့စေးမြေကို ပြင်ဖို့အတွက် သုံးတာ အသင့်တော်ဆုံးပါ။ မြေချဉ်ငန်ဓာတ် (pH) ထုံးအကြောင်းကိုပြောဖို့ဆို မြေချဉ်ငန်ဓာတ် (pH) ကို ပြန်ပြောဖို့လိုပါတယ်။ အညွှန်းကိန်းက ၁-၁၄ ထိရှိပြီး ၀-၆.၅ ထိကို ချဉ်တယ်လို့ သတ်မှတ်ကြတယ်။ ၇.၅ အထက် ၁၄ ထိဆိုရင်တော့ ငန်တယ်လို့ သတ်မှတ်ပါတယ်။ ၇ ပတ်ဝန်းကျင်ဆိုရင်တော့ သမတဲ့အနေထားပါ။ ဒါတွေဘာလို့ သိဖို့လိုအပ်လဲဆိုရင် ဒီ pH အပေါ်မှာမူတည်ပြီး အပင်ကနေ အာဟာရရယူနိုင်စွမ်းက ပြောင်းလဲသွားပါတယ်။ ဥပမာ မြေချဉ်ရင် ပိုတက်ဆီယမ်၊ ဖော့စဖောရပ်၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ် စတဲ့အဟာရဓာတ်တွေကို အပင်က စုပ်ယူနိုင်စွမ်းကျသွားပါတယ်။ ဒီတော့ မြေသြဇာကျွေးလည်း အပင်က ကောင်းကောင်းမရနိုင်တော့ဘူး။ တစ်ဖက်ကပြန်ကြည့်ရင် အလူမီနီယံ၊ ကေ့ာပါး၊ သံဓာတ်၊ မဂ္ဂနိ၊ ဇင့် ဒီဓာတ်တွေကို အပင်က ရယူနိုင်စွမ်း အရမ်းမြန်သွားတဲ့အတွက်ကြောင့် အပင်အဆိပ်သင့်တာမျိုးတွေ ဖြစ်ကုန်ပါတယ်။ ဥပမာ သံဓာတ်အဆိပ်သင့်ပြီး နီတိုဝင်တာမျိုး။
ကွမ်းက မျိုးက ကွမ်းနုဝါလားခင်ဗျာ။ ကွမ်းနုဝါဆိုလျှင် ဝါဖန့်ဖန့်ဖြစ်မှာပါ။ ကွမ်းမည်သည် လောင်းရိပ် ကြိုက်အပင်မျိုးဖြစ်တာကြောင့် စိမ်းဖန့်ဖန့်ပဲဖစ်မှာပါ။ အိမ်မှာရှိတဲ့ပြာ သုံးဆ ကျောက်မှုန့်တစ်ဆ ကျွေးပေးပါ။ ကွမ်းလခံပတ်ဝန်းကျင်မှာ ပုရွတ်ဆိတ်တွေနေရလျှင် စုပ်စားပိုးကျနေတာပါ။ အင်မီတာကလိုပစ် အစားထိုး သိုင်ယာမီသောက်ဆမ် သုံးလျှင်ပိုအဆင်ပြေပါလိမ့်မယ်။ အပင်အားဆေးအရမ်းမသုံးပဲ အချိုးညီတဲ့ အားဆေးသုံးပါ။ မိုလ်ရယ်မုန်းလို ဟော်မုန်းများကတော့ လူအတွက်ဆိုလျှင် လျှက်ဆား စားသလိုပါပဲ။ အစားစားချင်စိတ်ဖြစ်အောင်လှုပ်ဆော်တာပါ။ အာဟာရလည်းပါဝင်ပါတယ်။ နိုက်ထရိုဖီနှော ဆိုတော့ ။ တခြား ရာသီဥတုအနေနဲ့တော့ ဆောင်းရာသီဖြစ်တဲ့အပြင် နတ်တော်ပြာသိုဆိုတော့ မိုးတိမ်တွေကစားတတ်ပါတယ်။ အစိမ်းရောင်ကလိုဖီးများ အလုပ်အရမ်းမလုပ်နိုင်ပဲ ပင်တွင်းရည် ထိန်းခြင်းကြောင့်လည်း အပင်ဝါပြီး ရွားနားတွန့်တတ်ပါတယ်။ ပြာနဲ့ကျောက်မှုန့်ရောပြီး မြေသြဇာကျွေးသလိုသာ ကျွေးရင် အဆင်ပြေနိုင်ပါတယ်ခင်ဗျ။
ဆက်စပ်မေးခွန်းများ
ရွက်တေတွန့်နေတာဘာဆေးဖျန်းရမလဲအကြံပေးပါအုံးဗျာ
ဖြေကြားချက် 4 ခု
ဘာဆေးသုံးရင်ပျောက်နိုင်မလဲဆရာတို့ဆေးလေးပြောပြပါအုံး
ဖြေကြားချက် 3 ခု
ကွမ်းပင် အရွက် ပိုးကိုက်တာ ဘာဆေးဖြန်းရမလဲ
ဖြေကြားချက် 1 ခု
nitro ၁၅ပတ်လည် မြေသြဇာ သုံးနေတာကနေ ၉ပတ်လည် ပြောင်းသုံးရင် ဘာဖြစ်နိုင်မလဲ ကွမ်းရွက်အတွက်
ဖြေကြားချက် 2 ခု
ph paper တို့ ph meter တို့နဲ့ အရည် မြေကြီးကို ဘယ်လိုတိုင်းရမလဲ ဆရာ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။