အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Saw zayar lin
Saw zayar lin 2,263
လွန်ခဲ့သော ၄ နှစ် က · သထုံ

ပေါ်ဆန်းစပါးမျိုးကို အစိုကြဲစနစ်နဲ့စိုက်ပျိုးမယ်ဆိုလျှင် အောက်မြန်မာပြည် သထုံနယ်ဘက်မှာ ဘယ်အချိန်ကြဲသင့်ပါသလဲ ပုံမှန် နယုန်လပြည်ဆို ကြဲပက်တာ နတ်တော်လပြည့်ကျော် စပါးရိတ်သိမ်းတာ အထွက်နူန်းက တစ်ဧက တင်း ၂၀ တောင်မထွက်ဘူး စပါးစျေးတော့ကောင်းပါရဲ့ အထွက်နူန်းမကောင်းတော့ တောင်သူလယ်သမားတွေအဆင်မပြေဘူး

စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၂ ခု

ဦးခင်ရှိန်
ဦးခင်ရှိန် 6,236 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

နယုန်လပြည့်ကြဲရင် တန်ဆောင်မုန်းလပြည့်ဆိုရိတ်ရမှာဖြစ်တယ်၊ နတ်တော်လပြည့်မှရိတ်ရတဲ့မျိုးဆိုတော့သက်ကြီးဘေးကြားပေါ့၊ ၅လသက်တမ်းရှိသော ဘေးကြားမျိုး နယုန်လပြည့်ကျော် ပျိုးထောင်စိုက်ကြည့်သင့်ပါတယ်။

Saw zayar lin
Saw zayar lin 2,263 လွန်ခဲ့သော ၄ နှစ် က

သက်ကြီးဘေးကြားလား အောက်မြန်မာပြည်အခေါ်ကတော့ ပေါ်ဆန်းမွှေးပေါ့

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။