အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,259
လွန်ခဲ့သော ၄ နှစ် က · ကျောင်းကုန်း

ပဲတီစိမ်းမှာ လှေးပိုးတွေ ကျနေတာ ဘယ်ဆေးသုံးသင့်လဲဗျ။ကျေးဇူးုပု၍ ဖြေပေးကြပါိီးခင်ဗျ။

ပိုးမွှားရောဂါ ပဲတီစိမ်း ပဲတီစိမ်းလှေးပိုး

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

ဓာတုဆေး မာ့ဆိုရင်တော့ ဖစ်ပရိုနေး fipronil နဲ့ သိုင်ရာမီသောက်ဇမ် thiamethoxamဆေး အေအိုင်တွေကို တွဲဖျန်းပါ မှတ်ချက် အရမ်းဆိုးမှသုံးပါ ကြိုတင်ကာကွယ်ရုံဆိုရင် dinotefuran သို့မဟုတ် acephate ကို သုံးနိုင်ပါတယ်၊

270,769 လွန်ခဲ့သော ၄ နှစ် က

အရမ်းဆိုးရွားကျနေတဲ့အပင်အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ပါ။ ပေါင်းမြက်တွေရှိနေရင်လည်း ပွားနှုန်းများမှာစိုးရတဲ့အတွက် ရှင်းလင်းဖို့လိုပါမယ်။ မြေသြဇာကျွေးဖို့အစီအစဉ်ရှိရင်မကျွေးသေးပါနဲ့။ သဘာဝဆေးအနေနဲ့ ဆေးရွက်ကြီးစိမ်ရည်၊ တမာ အသုံးပြုပေးနိုင်ပါတယ်။ ဓာတုဆေးတွေအနေနဲ့ ပင်လုံးပြန့် ထိသေ အာနိသင်ရှိတဲ့ဆေးတစ်မျိုးမျိုးကို အသုံးပြုပေးနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။