အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Htar Htar
Htar Htar 348
လွန်ခဲ့သော ၈ နှစ် က · ပေါင်

စပါးပျိုးပင်လေးတွေကို ခရုတွေအရမ်းစားနေလို့ပါ ဆေူထည့်ရင် သေကြပေမယ့် ခနပဲ ပြီးရင် ဘယ်က ဘယ်ကပြန်ရောက်လာကြလဲမသိဘူး ပြန်များလာကော ခရုနှိမ်နှင်းနည်းလေး share ပေးစေချင်ပါတယ်ရှင်…… ကျေးဇူးပါ … … …

စိုက်ပျိုး ရေ စပါး ရွှေခရု

ဖြေကြားချက် ၂ ခု

Htar Htar
Htar Htar 348 လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့ အကြံပေးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

အတူတကွပူးပေါင်းကာကွယ်ခြင်း . မြေပြင်ချိန်အတွင်း သို့ အပင်ရွှေ့ပြောင်းစိုက်ပျိုးပြီးစအချိန်အတွင်း အသင်းအဖွဲဖြင့် ခရုများ၊ ခရုဥများကို လိုက်လံဖယ်ရှားခြင်း · စိုက်ပျိုးပြီး အပင်ရက်သား ၃၀မပြည်အချိန်အထိ ရေသွင်းခြင်း နည်းနိုင်သမျှ နည်းအောင် ပြုလုပ်ပေးခြင်း · သဘာဝမိတ်ဆွေပိုးများ များပြားလာအောင်ထိန်းသိန်းခြင်း ဇီဝအားဖြင့် နှိမ်နင်းခြင်း · ပုရွက်ဆိတ်အနီများဟာ ခရုဥများကို စားသောက်နိုင်ပါတယ်။ ဘဲများဟာ ခရုငယ်များ ကို စားသောက်နိုင်ပါတယ်။ အခြား ငှက်မျိုးများလည်း ခရုများကို စားသောက်နိုင်ကြပါတယ်။ မြေပြင်ပြီးချိန် သို့ အပင်စပျိုးပြီး ၁လနောက်ပိုင်းအချိန် ဘဲများကို လယ်အတွင်း ထားရှိခြင်းဖြင့် နှိမ်နင်းနိုင်ပါတယ်။ · Golden apple snail များဟာ ချက်ပြုတ် စားနိုင်သလို့ တိရစ္ဆာန် အစားအစာအဖြင့်လည်း အသုံးပြု နိုင်ပါတယ်။ ချက်ပြုတ်စားမယ်ဆို ဂရုတစိုက် ချက်ပြုတ်ဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့ သူတို့ဟာ rat lungworm ကိုသယ်ဆောင်သူများဖြစ်ပါတယ်။ ရိုးရာနည်း · ခရုများကိုကောက်ယူခြင်း။ ခရုများဟာ မနက်ပိုင်း နှင့် ညနေနောင်ပိုင်းများဆို လှုပ်ရှားမှုက ပိုအားကောင်းလေ့ ရှိပါတယ်။ ဝါးချောင်းလေးများကို ထောင်ထားပြီး ဥဥဖို့နေရာဖန်တီးပြီး ဥများကို ဖျက်ဆီးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ ခရုများကို သဘောင်္သီးရွက်၊ ပီလောပီနံရွက်ဖြင့် မျှားခေါ်ကာလက်ဖြင့် ကောက်ယူဖမ်းဆီးခြင်း ပြုလုပ်နိုင်ပါတယ်။ · ရေပမာဏထိန်းချုပ်ခြင်း ခရုများဟာ ရေအနက် ၂စင်တီမီတာ (တစ်လက်မရဲ့ လေးပုံသုံးပုံခန့်)ထက် လျှော့နည်းလျှင် သွားလာရ ခက်ခဲပါတယ်။ အပင်ငယ် ရွယ်စဉ်တွင် ရေ ကို ၂စင်တီမီတာအောက် ထိန်းသိမ်းထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ လယ်ကွင်းပတ်ပတ်လည် တစ်ပေအကျယ် ၂လက်မအနက်တူးမြောင်းလေးများဖော်ပြီး ရေသွင်းက ခရုများခိုအောင်းရာအဖြစ်ဖန်တီးပြီး အလွယ်တကူ ကောက်ယူ ဖျက်ဆီးနိုင်ပါတယ်။ · အဆိပ်ဖြစ်စေသော အပင်များ အသုံးပြုခြင်း ဆေးရွက်ကြီးအရွက်များ၊ ရှောက်ရွက်များကို လယ်ကွင်းထားရှိခြင်း သို့ တူးမြောင်း လေးများတွင် ထားရှိခြင်း။ · ရေဝင်ရာက်မူကိုထိန်းချုပ်ခြင်း ခရုများဟာ ရေမှတစ်ဆင့် ဝင်ရောက်နိုင်ပါတယ်။ ဇကာ သို့ ဇကာပေါက်ပါသောခြင်းများကို ရေဝင်ရောက်သည့် နေရာတွင် ထားရှိခြင်းဖြင့် ဟန့်တားနိုင်ပါတယ်။ · အပင်ရွှေ့ပြောင်းစိုက်ပျိုးခြင်း အပင်ရွှေပြောင်း စိုက်ပျိုးခြင်းဟာ အစေ့စိုက်ခြင်းထက် ခရုဒဏ်ပိုခံနိုင်ရည်ရှိပါတယ်။ တစ်ကျင်းလျှင် တစ်ပင်နူံးထက် တစ်ကျင်းလျှင် ၃၊ ၄ပင် စိုက်ခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ ပျိုးရက်သား ၂၅-၃၀ ရက်သားရောက်မှ ရွှေပြောင်းခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ ဓာတုနည်းဖြင့်နိုမ်နင်းခြင်း အခြားနည်းဖြင့် နိုမ်နင်းလို့ မရတော့ပါက ဓာတုနည်းဖြင့် နှိမ်နင်းနိုင်ပါတယ်။ · နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို ရေအနက် ၂စင်တီမီတာအောက် အနက်ရှိ လယ်ကွင်းများတွင် အသုံးပြုခြင်းဖြင့် ခရုများကို နှိမ်နင်းနိုင်ပါတယ်။ · Molluscicides (ခရုသတ်ဆေး) ကိုအပင်ရွှေပြောင်းပြီးချိန် သို့ အစေ့ချစိုက်ပျိုးပြီးချိန်တွင် အသုံးပြုခြင်းဖြင့်လည်း နိုမ်နင်းနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။