အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
မောင်ဇင်မင်းထက်
လွန်ခဲ့သော ၄ နှစ် က · ပြည်

စိုက်ထားတယ့်မှိုပုံကစိုက်တုန်းကဆောင်းတွင်းမရောက်သေးတော့အရိပ်ရတယ့်နေရာမှာစိုက်ထားတာ အခုဆောင်းတွင်းဝင်လာပြီးအအေးဓာတ်ပိုလာတော့မှိုပုံကအမျှင်လည်းမတတ် ဥလည်းမဥဘဲဖစ်နေပါတယ် ခေါင်တန်းကိုလည်းတစ်ထွာလောက်ရောက်အောင်နိမ့်ထားပါတယ် စိုက်ထားတာကတော့ဆယ့်သုံးရက်လောက်ဖစ်နေပါပြီ ဖွင့်ကြည့်တော့မိုှပုံကဘာမှလည်းမထူးလြားပါဘူး စိုပီးတော့ဗေဒါတေကနည်းနည်းညိုနေပါပီ မှိုမျိုးကိုကြည့်ကြည့်တော့လည်းပင့်ကူမျင်လေးတေလိုတောင်မရှိဘဲဒီအတိုင်းကြီးပါပဲ အဆင်ပြေအောင်ဘယ်လိုလုပ်ရပါမလဲခင်ဗျာ

စိုက်ပျိုးနည်း မှို (ကောက်ရိုးမှို)

ဖြေကြားချက် ၂ ခု

ဖုန်းမဏ်တိုး
ဖုန်းမဏ်တိုး အတည်ပြုပြီး 217,424 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဆောင်းဆိုတော့ အနွေးဓာတ်ရတဲ့နေရာမှာစိုက်ဖို့လိုပါတယ်၊ နေရောင်အောက်မှာလဲရပါတယ်၊ ကွင်းပြင်ကျယ်မဟုတ်ရင်ကိုအဆင်ပြေပါတယ် မှိုအမျှင်မထွတ်လာတာက မျိုးထုတ်မသန့်လို့ရယ်၊ ကြာနေတာ သို့မဟုတ် ပွှားစာမသန့်တာ၊ အပူချိန် ၂၆ အထက်ကို တစ်နေ့ကို ၁၀ နာရီကျော်မရတာတွေကြောင့်ဖြစ်နိုင်ပါတယ်

ဦးသိန်းဝင်း
ဦးသိန်းဝင်း 1,630 လွန်ခဲ့သော ၄ နှစ် က

လတ်တလောဖြေရှင်းလိုပါကမှိုပုံထားတဲ့အပေါ်မှာကောက်ရိုးခြောက်လုံအောင်အုပ်ပြီး မီးရှို့လိုက်ပါ ပြီးလျှင်ပြာများလွင့်စင်အောင်ယပ်ပြစ်ပါ ရေပန်းခရားဖြင့်ရေပါးပါးဖြူး၍ပြန်အုပ်ထားပြီး သုံးရက်ကြာမှပြန်ဖွင့်ပါ နောက်ပိုင်းပလပ်စတစ်မအုပ်တော့ဘဲရိုုးပြတ် သို့မဟုတ်ကောက်ရိုးတို့ဖြင့်သာလုံအောင်အုပ်ပေးပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။