ဖြေကြားချက် ၁ ခု
ပါင်းမြက်များအား ရှင်းလင်းပါ။ ညဘက်တွင် မီးရောင်ရှိရာသို့လာတတ်သဖြင့် လယ်သမားများအားလုံး မီးရောင်ထောင်ခြောက်ဖြင့် နှိမ်နင်းပါ။ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးတမျိုး သုံးစွဲပါ။ သို့သော် အင်ဒိုဆာဖန်ကဲ့သို့သော ရေနေသတ္တဝါများကို ထိခိုက်စေသော ဆေးများနှင့် ပါရိသရိုက်အုပ်စုဝင်ဆေးများကဲ့သို့သော တောင်သူအကျိုးပြု မိတ်ဆွေပိုးများကို သေနိုင်သော ဆေးများကို အသုံးမပြုသင့်ပါ။ တောင်သူ မိတ်ဆွေပိုးတွေ သေသွားရင် နောက်ဆက်တွဲအနေနဲ့ ဖြုတ်ညိုတွေ ကျရောက်လာနိုင်ပါတယ်။ အပင်ခြေတွင် ရုပ်ဖုံးပြုလုပ်တတ်သဖြင့် စပါးရိတ်သိမ်းပြီးပါက ရိုးပြတ်များအား ထယ်ထိုးမြေမြုပ်ပါ သို့မဟုတ် မီးရှို့ ပစ်ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကျွန်တော် လယ်၃ဧကမှာ ၃သီးစိုက်ပါတယ် စပါး မတ်ပဲ နွေနှမ်းစိုက်တာပါ စိုက်တာ ၂နှစ်ရှိပါပြီ နှစ်စဉ် ၃သီးစိုက်ချင်ပါ...
ဖြေကြားချက် 1 ခု
ဘက်တီရီးယား ရွက်ခြောက်ရောဂါကို ဘယ်ဆေးနဲ့ကုသမလဲ ခင်ဗျာ
ဖြေကြားချက် 3 ခု
စပါးမှာလောင်မီးပိုးကျတာကို ဘယ်လိုကာကွယ် နှိမ်နှင်းရမလဲ ဖြေပေးပါဦး
ဖြေကြားချက် 1 ခု
စပါကိုကျရောက်တဲ့ပိုးမွှားရောဂါကို တမာပိုးသက်ဆေးနဲ့ ကာကွယ်ကုသမလို့ပါ အဆင်ပြေပမလာ အကြံပေးကြပါဦး
ဖြေကြားချက် 1 ခု
စပါးစစ်ပိုးကိုပင်လုံပြန့်အာနိသင်ရှိဆေးကိုဖြန်းရမယ်ဆိုတော့ စပါးစစ်ပိုးသေးပြီမိတ်ဆွေပိုး မသေတဲသြဘာကထုပ်လုပ်တဲ့...
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ